Part 11

352 47 0
                                    

Zawgyi:

            >>>>> 2019 October <<<<<

     ဦးမင်းထွဋ်ခေါင်သည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဆိုင်ငယ်လေးအတွင်းမှ လျှင်မြန်လွန်းသည့် ခြေလှမ်းတွေနဲ့ ထွက်လာခဲ့သည်။ စိတ်အလို ကို ကိုယ်မလိုက်နိုင်သည်မို့ လှုပ်ရှားမှုများလေ သူအဆမတန် မောပန်းရသည်။

  ငှါးလာတဲ့ Taxi ကားလေးအပေါ် လက်တင်အားပြုကာ အသက်တို့ ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ အတွင်းမှ တင်းကြပ်စွာ နာကျင်မှုကလည်း ခံရခက်စွာနှင့်...။

သူသာ ဒီကောင်လေးနဲ့ မသိခဲ့ရင်.....
သူသာ ဒီကောင်လေးကို ညီငယ်တစ်ယောက်လို ဂရုမစိုက်ခဲ့ရင်....
သူသာ ဒီကောင်လေးရဲ့ ခံစားချက်တွေကို အစောကြီးမြင်ခဲ့မယ် ဆိုရင်....
ဒါတွေ....

"အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ"

    ဦးမင်းထွဋ်ခောင်၏ ပုံစံကို မြင်သည်နှင့် ကားဆရာ ဦးလေးကြီးက အပြင်ထွက်၍ သူ့အား စိတ်ပူစွာ မေးလိုက်သည်။ သူလည်း အသက်လုရှူရင်း တစ်ဖက်လူကို လက်ကလေး ဝေ့ရမ်းကာ အဆင်ပြေကြောင်း ပြလိုက်သည်။

"အဆင်ပြေပါတယ်..."

      ပြီးနောက် ဦးမင်းထွဋ်ခေါင်က ကားတံခါးလေးအား အသာ ဖွင့်ရင်း အထဲသို့ ဝင်ဖို့ ဟန်ပြင်တုန်း ဖြတ်မောင်းသွားသော အနက်ရောင်ကားလေးထဲက လူကို မြင်တော့ သူ့စိတ်တွေ အစိုးမရစွာ လှုပ်ရှားလာခဲ့သည်။ မောဟိုက်မှုကလည်း ပို၍ စံနှုန်း မြင့်လာသည်။ အသက်ရှူရလည်း ပို၍ခက်ခဲလာခဲ့သည်။

"ကိုလင်း....။ ကိုလင်း....။ အကို.. အဲ့ကား အဲ့ကားနောက်ကို လိုက်ပေးပါ။ မြန်မြန်"

"ဟုတ်ကဲ့.."

    ဦးမင်းထွဋ်ခောင် အသည်းသန်ဖြစ်နေပုံကိုကြည့်ပြီး ကားဆရာသည်လည်း ပြာယာခတ်ကာ ကားတံခါးကို အမြန်ဖွင့်၍ မောင်းထွက်ပေးသည်။

   ကားများစွာနှင့် ရှုပ်ယှက်ခတ်နေသည့် လမ်းမကြီးထက်တွင် ထိုအနက်ရောင်ကားလေးကို မှီအောင် ကြိုးစား၍ လိုက်ပေးသော်လည်း မမှီလိုက်ပါ။ အရှေ့တွင် ကုန်တင်ကားကြီးနှင့်ပိတ်မိပြီး မျက်ချေပြတ်သွားခဲ့သည်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Donde viven las historias. Descúbrelo ahora