Part 21

348 48 5
                                    

Zawgyi:

     >>>>> 2019 November <<<<<

  ကြည်လင် ပြာလဲ့နေသည့် ကောင်းကင်ကြီးအောက် ညောင်ပင်ကြီးတစ်ပင်၏ ခြေရင်းကို မှီ၍ မိုးကောင်းကင် ထိုင်နေသည်။ မျက်စိရှေ့တွင် ရှိနေသည့် ရေကန်ငယ်၏ တိုက်စားမှုကြောင့် သူထိုင်နေရာမြေသည် စိုထိုင်းထိုင်းဖြစ်နေ၍ မြေသင်းနံ့ သင်းသင်းလေးရသည်။ သူ ထို မြေသင်းနံ့ကို နှစ်သက်သည်။ ဒါကြောင့်လည်း သူစိတ်ညစ်တိုင်း စိတ်တွေ ရှုပ်ထွေးလာတိုင်း ဤရေကန်ဘေးသို့ အကြောင်းပြချက်မရှိ လာတတ်သည်။

    တစ်ခာ တစ်ခါ ငှက်တွေရဲ့ အော်သံလေးများ၊ လေပြေကြာင့် သစ်ရွက်တို့်၏ ပွတ်တိုက်သံများနှင့် ရေပြင်ငယ်ဆီမှ လှုပ်ခတ်သံတို့မှ လွှဲ၍ အရာရာဟာ တိတ်ဆိတ်နေခဲ့သည်။ သစ်ရွက်ခြောက်တို့ကို နင်းခြေ၍ ထွက်ပေါ်လာသည့် ခြေသံလေး မကြားခင်ထိပေါ့....။

      လူတစ်ယောက် သူ့အနားကိုရောက်လာသည်ကို သူခံစားမိသည်။ သို့သော်လည်း သူ လှည့်မကြည့်ဖြစ်။ တစ်စက်လေးမှ မလှုပ်ချင်အောင် သူ့စိတ်တွေဟာ လေးလံနေသည်မို့....။

"ဟေ့ ကောင်လေး...။ သြော်... ကောင်းကင် ဒီမှာ ဘာလုပ်နေတာလဲ..."

     ဒီအသံဟာ တစ်ခာ ကြားဖူးနေသည့် အသံမျိုးပင်။ ကျွန်တော် ဖေဖေနှင့် ဘွား ဆီက လိုချင်တပ်မတ်ဖူးသည့် နွေးထွေးပြီး ဂရုဏာလွှမ်းသည့် အသံမျိုး။ ဒီအသံမျိုးကို ကြားချင်သည့်လူတွေဆီမှ မကြားခဲ့ရပေမဲ့ လူတစ်ယောက်ဆီကတော့ ကြားခဲ့ဖူးသည်။ အဲ့တာ ဘွားက သူ့မိတ်ဆွေ သမီးနဲ့ အတင်း ညစာသွားစားခိုင်းလို့ စိတ်ညစ်ပြီး ဘားမှာ သွားသောက်ခဲ့တဲ့နေ့တုန်းက တွေ့ခဲ့တဲ့ လူရဲ့ အသံ...။ မဟုတ်မှ......။

"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ..."

      ဟုတ်တယ်။ သူမှသူ...။ သူ ရောက်လာပြန်ပြီ။ အဲ့ညက မီးရောင်တွေနဲ့မို့ သတိမထားမိခဲ့....။ သူ့ဆံပင်တွေက အပြာရောင်တွေ...။ ဒီလို ကြောင်တောင်တောင် ဆံပင်ကာလာနဲ့တောင် သူက ကြည့်ကောင်းနေသည်။ မီးခိုးရောင် မျက်ကပ်မှန် လေးကိုလည်း တပ်ထားပြီး ဘယ်ဘက် နားမှာ နားပေါက်လေးလည်း ရှိသည်။ နားပေါက်မှာ အဖြူရောင် ကျောက် သေးသေးလေး တစ်လုံးကိုပဲ ဝတ်ဆင်ထားသည်။ မျက်နှာက သေးသေးရှည်ရှည်လေး။ သူ့မှာ အထူးခြားဆုံးက အောက်နှုတ်ခမ်းကွဲလေးရယ်ပါ...။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now