Zawgyi:
>>>>>> 2019 October <<<<<<
ဆေးရုံကြီး၏ Corridor ထက်တွင် လင်းအာရုံက မြန်ဆန်လွန်းသော ခြေလှမ်းတွေနဲ့ အပူတစ်ပိုင်း ပြေးသွားနေသည်။ သူမ့နောက်တွင် စိုးရိမ်တကြီး လိုက်ပါလာသော မိုးသက်ဦးလည်း ပါသည်။
"ဖေဖေ... ဖေဖေဘာဖြစ်တာလဲဟင် ဦး.."
အခန်းငယ်လေး၏ ကုတင်ထက်တွင် မေ့မျောနေသော ဖခင်ဖြစ်သူ၏ လက်လေးကို ခပ်ဖွဖွ ဆုပ်ကိုင်ကာ ဘေးတွင်ရပ်နေသည့် ဦးဟိန်းစက္ကကို လှမ်းမေးလိုက်သည်။ တုန်ယင်နေသည့် အသံလေးဖြင့်....။
"စိတ်ရော ကိုယ်ရော လှုပ်ရှားမှုတာ အရမ်းများသွားတော့ အဆုတ်က မခံနိုင်တော့တာတဲ့။ ဖျားတော့ဖျားနေတယ်။ ကျန်တာတော့ စိုးရိမ်စရာတော့မရှိဘူးတဲ့။ ခဏနေရင်တော့ သူပြန်နိုးလာမှာပါ"
"တော်သေးတာပေါ့ ဦးရှိနေလို့...။ ဦးနဲ့သွားတွေ့ရင် သမီးက လိုက်ပို့မယ် ပြောထားတာကို။ တယောက်တည်းထွက်သွားတယ်။ ဖေဖေ မကောင်းဘူး....။ သမီးကို စိတ်ပူအောင်လို့...."
Taxi သမားက အရင်ဆုံးတွေ့သည့် ဖုန်းနံပါတ်ကိုဆက်လိုက်၍ ရောက်လာသည်ကိုတော့ လင်းအာရုံအား မပြောဖြစ်ခဲ့။
"စိတ်ပူမနေနဲ့ ဘာမှမဖြစ်ပါဘူး။
သမီးလည်းရောက်ပြီဆိုတော့လေ ဦးသွားတော့မယ်နော်"အကို နိုးလာတဲ့အချိန် ကိုယ့်ကို မြင်ပြီး ပိုပြီး ရောဂါမတိုးစေချင်သည်မို့ ထွက်သွားဖို့ကိုသာ ရွေးချယ်လိုက်သည်။
"ဟုတ်...ဦး။ ကျေးဇူးပဲနော်..."
ဦးဟိန်းစက္က ထွက်သွားသည်နှင့် ဖခင်အား စိုးရိမ်တကြီး ကြည့်နေသော ချစ်ရတဲ့ကောင်မလေးကို နှစ်သိမ့်ဖို့ မိုးသက်ဦးက ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ဦးက ချောတယ်နော်...။ လင်းက ဦးနဲ့တူတာနေမယ်....."
"ဟင်း...။ လင်းက မေမေနဲ့တူတာပါ။ ဖေဖေနဲ့တူရင် ပိုချောမှာပေါ့..."
"ဒါက အန်တီကလည်း လှတယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာလား"
"ဟား...။ နင်က စကားတတ်သားပဲ"
လင်းအာရုံဆီက အပြုံးငယ်လေးတွေ့တော့ သူလည်း သွားထပ်လေး ပေါ်အောင် ပြုံးမိသည်။ ချစ်ရတဲ့သူလေး ပြုံးရင်ကို ကျေနပ်ပါတယ်လေ...။

YOU ARE READING
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...