Zawgyi:
>>>>> 2019 December <<<<<
မီးမှိန်မှိန်လေးနှင့် တခမ်းတနား ပြင်ဆင်ထားသော party ပွဲလေးသို့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ထင်ပေါ်စေသော ရိုးရိုးရှင်းရှင်း အနက်ရောင် ဂါဝန်လေး အပေါ်မှ ကုတ်အင်္ကျီလေးကို ခြုံကာ ဝတ်ဆင်ထားသည့် မိန်းကလေးသည် နုနုရွရွ နင်းလျှောက်လာသည်။
ဖြောင့်စင်းနေသော ဆံပင်တိုလေးအား ဘယ်ဘက်ကို နားတွင်ညှပ်ထားပြီး ညာဘက်ကို အဖြောင့်တိုင်း ချထားသည်။ ဘယ်ဘက်နားလေးမှာ တဖြတ်ဖြတ် လဲ့နေသော ပလက်တီနမ် နားဆွဲလေးကို ဝတ်ဆင်ထားပြီး ကြော့ဆင်းနေသည့် ရွှေလည်တိုင်တွင်တော့ သူမ ဘာမှ မဝတ်ဆင်ထားဘဲ သူမ၏ sexy bone လေးအား အရှင်းသားမြင်စေသည်။
ပင်ကိုယ်အရပ်ရှည်သူမို့ ဒေါက်အမြင့်ကြီးစီးစရာမလိုဘဲနှင့်ပင် သူမဟာ မော်ဒယ်တစ်ယောက်ကဲ့သို့ smart ကျနေသည်။ ခြေတစ်လှမ်းလှမ်း၍ ပိုးသားဂါဝန်လေး ဝဲသွားသည့်အခါတိုင်း သူမက လူတိုင်း၏ အကြည့်ကို တစ်ခါ ဖမ်းစားသည်။ ပွဲထဲမှ လူတွေ တော်တော်များများက ဒီဆယ်ကျော်သက် ကောင်မလေး လင်းအာရုံကိုသာ စိတ်ဝင်တစားငေးကြည့်နေကြသည်။
သို့သော် သူမစိတ်ဝင်စားသည်က တစ်ယောက်တည်းကိုသာ။ ထိုလူကို လှမ်းတွေ့လိုက်သည်နှင့် သူမခြေလှမ်းတွေဟာ ထိုလူရှိရာသို့ တစိုင်မတ်မတ် လျှောက်လှမ်းသွားသည်။
"ဦး....။ ဦးကို ဒီပွဲမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။
သေချာပေါက် ထိုလူဟာ သူမ၏ ရင်ခုန်သံ ဦးပေါ့။ တစ်ခါမှမမြင်ဖူးသေးသည့် suit အပြည့်ဝတ်ဆင်ထားသည့် ဦးရဲ့ ပုံစံက ခါတိုင်းထက် ပိုချောမောနေသည်သည်။ ဝိုင်ခွက်လေး ကိုင်ပြီး စတိုင်ကျကျ ရပ်နေသည့် ဦးကို သူမ စဝင်လာလာချင်းကတည်းက မြင်သည်လေ။ ထို့ကြောင့် တခြားလူတွေကို မနှုတ်ဆက်ဘဲ ဦးရှိရာသာ တန်းလာခဲ့လိုက်သည်။
"သြော် လင်း.....။ လင်းက ဒီလိုကျ သိပ်လှနေတာပဲ"
ဦးလင်းဖေက သူမကိုကြည့်ပြီး ပေါ့ပေါ့ပါးပား ပြောလိုက်သည်။ သူ ခပ်ပေါ့ပေါ့ ပြောလိုက်သော စကားတစ်ခွန်းဟာ ထိုကောင်မလေး ဘယ်လောက်တောင် ရင်ခုန်သွားစေမလဲဆိုသည်ကို မသိဘဲနှင့်ပေါ့။
![](https://img.wattpad.com/cover/240338997-288-k695927.jpg)
YOU ARE READING
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...