Part 33

335 45 8
                                    

Zawgyi:

          >>>>>> 2020 January <<<<<

    ကားလေးတစ်စီးအတွင်းတွင် တိတ်ဆိတိခြင်းများစွာ ပြည့်နှက်နေသည်။ အမှန်တော့ မိုးကောင်းကင် စိတ်နှင့် လူနှင့် မကပ်ဘူးဆို ပိုမှန်လိမ့်မည်။ ကွဲကြေမွနေသည့် နှလုံးသား တစ်စုံကြောင့် သူ့စိတ်ထဲမှာ ကျန်တာ ဘာဆိုဘာမှ မရှိတော့။ သူသိသည်က မြေ...။ သူရဲ့မြေ အခု ဘယ်မှာလဲ... ဆိုသည်ပင်။

"ကိုကို...။ ဖေဖေက အခုတလော ချောင်းတွေ တအား ဆိုးနေသလိုပဲနော်...."

"......"

   ဘေးမှ လင်းအာရုံ၏ စကားသံကို သူ မကြားနိုင်။ သူ့စိတ်တွေ အားလုံးသည်ကလည်ယ မြေ ဆီမှာ...။

     ညီမဖြစ်သူအား ကျောင်းပြန်ဖွင့်သည့် ပထမဆုံးနေ့ကို လိုက်ပို့ပေးမည် ဟု ကတိပေးထားသောကြောင့် သူ လင်းအာရုံအား ကျောင်းလာပို့ပေးခြင်းဖြစ်သည်။ ထို ကတိသာ မရှိခဲ့ရင် အခုချိန် သူ ချောင်လေးတစ်ချောင်မှာ ငိုနေမိမှာ အသေချာပင်။

"ကိုကို..."

    လင်းအာရုံက ခန္ဓာယ်နှင့် စိတ် တခြားစီဖြစ်နေဟန်ရှိသော အကိုအား အသံမြှင့်၍ ခေါ်လိုက်သည်။ ဒီတစ်ခါမှတော့ မိုးကောင်းကင်၏ စိတ်ကလေး ပြန်လည် စုစည်းမိပြီ ထင်ပါရဲ့.....။

"ဟင်...။ အင်း ပြော...။ လင်း...."

"ကိုကို ဘာဖြစ်နေတာလဲ..."

"ဘာမှ မဖြစ်ပါဘူး"

"လင်းကို မလိမ်စမ်းပါနဲ့။ ကိုကို့မျက်နှာမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ ပေါ်နေတယ်..."

"ပြောချင်တာက ကိုကို့မျက်နှာက အရင်ရက်တွေက လင်းရဲ့မျက်နှာလိုပဲ ဖြစ်နေတယ်လို့မလား"

     မိုးကောင်းကင်၏ အပြောကြောင့် သူမ အနည်းငယ် ရှက်စိတ်လေးဝင်ကာ ကားဘတ်မှန်မှာ ပေါ်နေသည့် သူမပုံရိပ်လေးကို ကြည့်မိသည်။ သူမ အဲ့လောက် သိသာနေခဲ့တာလား။

"ကိုကို အသည်းကွဲနေတယ်။ လင်း...."

"ဟင်...။ လင်းရဲ့ ကိုကို ကို ဘယ်လိုလူက အသည်းခွဲရတာလဲ"

"အဲ့လို လူတစ်ယောက်ရှိတယ်။ ပေါ်ချင်တဲ့အချိန် ပေါ် လာပြီး ပျောက်ချင်တဲ့ အချိန် ပျောက်သွားတော့တာပဲ"

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Où les histoires vivent. Découvrez maintenant