Zawgyi:
>>>>> 2019 December <<<<<
ပြတင်းပေါက်မှတစ်ဆင့် လင်းအာရုံသည် သဘာဝရှုခင်းများကိုငေးကြည့်နေရင်းမှ ပုံမှန်နဲ့မတူဘဲ ငေးငိုင်းနေသော မိုးသက်ဦးကို အကဲခတ်မိသည်။ မိုးသကဦးကို သူမက တံတောင်နှင့် တွတ်လိုက်ပြီး...
"နင်ဒီနေ့ဘာဖြစ်နေတာလဲ"
"....."
တုံ့ပြန်မှုမရှိသည့် မိုးသက်ဦးကြောင့် သူမ နှုတ်ခမ်းလေး မသိမသာ ဆူထွက်လာပြီး အရှေ့မှာ ထိုင်နေသည့် ရှင်းသန့်ငယ်အား လှမ်းကြည့်မိသည်။ ခန့်မှူးပိုင်ကို မျက်လုံးကျွတ်ကျမတတ် ကြည့်နေသည့် ရှင်းသန့်ငယ်ကြောင့် သူမ ပို၍ ဆူပုတ်လာရသည်။ ထို့နောက် နားကြပ်လေး တပ်ပြီး အိပ်ဖို့သာ ရွေးချယ်လိုက်တော့သည်။
ခန့်မှူးပိုင်က ဘာကိုအလိုကျနေသည်မသိ။ သူ့မျက်နှာက အရင်ကထက် ပို၍ တည်တင်းနေသည်။ မိမိအား ကြည့်ပြီး ကြိတ်ရယ်နေသော ရှင်းသန့်ငယ်ကြောင့်လည်း သူပို၍ ဒေါသထွက်လာရသည်။
"မင်း ဘာဖြစ်နေတာလဲ..."
"ဘာဖြစ်လို့လဲ"
"မင်းက ရယ်နေတယ်လေ"
"ဟီး...။ ပိုင်လေးက သဝန်တိုနေတာကို..."
"ဘယ်သူက... သဝန်တိုလို့လဲ"
ရှင်းသန့်ငယ်၏ အပြောကြောင့် ခန့်မှူးပိုင်၏ မျက်နှာနီရဲလာပြီး ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲပစ်လိုက်သည်။ ထို့နောက် မဝံ့မရဲနှင့်ပင် ပြန်၍ မေစလာခဲ့သည်။
"သူနဲ့က ဘယ်လိုပတ်သတ်လဲ..."
"ဘယ်သူနဲ့လဲ..."
ရှင်းသန့်ငယ်က နားမလည်သည့်ပုံ ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။ ထိုအခါ ခန့်မှူးပိုင်၏ မျက်နှာတွင် စိတ်မရှည်ခြင်းများစွာတို့ ပြည့်နှက်သွားပြီး....
"ခုနက တစ်ယောက်လေကွာ..."
"သြော်...။ ဘယ်သူမှ မဟုတ်ပာဘူး။ စိတ်ထဲထားမနေနဲ့...."
"ဟေး..ဟေ့ ဘာ..ဘာလုပ်တာလဲ..."
ရှင်းသန့်ငယ်က ပြောပြောဆိုဆိုနှင့်ပင် ခန့်မှူးပိုင်၏ ပုခုံးထက်ကို မှီအိပ်လိုက်သည်မို့ ခန့်မှူးပိုင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး စကားတွေပင် ထစ်ထစ်အအနှင့် ဖြစ်ကုန်သည်။

أنت تقرأ
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
عاطفيةZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...