Zawgyi:
>>>>>>2019 September <<<<<<
စိမ်းစိမ်းစိုစို သစ်ပင်များဖြင့် ကာစီးထားသည့် တက္ကသိုလ် ဝင်လမ်းလေးသို့ လင်းအာရုံ၏ ကားလေးသည် သတ်မှတ်ထားသည့် အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။
လင်းအာရုံ၏ ကားလေး ပါကင် ထိုးသည်နှင့် အပြေးရောက်လာသည့် အသားဖြူဖြူ အရပ်ပုပု ပိန်ပိန်ပါးပါးနှင့် မိန်းကလေးရှုံးအောင်လှလွန်းသည့် ကောင်လေးတစ်ယောက်။
လင်းအာရုံလည်း ထိုကောင်လေးကို မြင်တော့ အားရပါးရ ပြုံးပြလိုက်ပြီး ကားပေါ်က အမြန်ဆင်းလာပြီး ထိုကောင်လေးပုခုံးကို ဖက်ကာ ဆိုလိုက်သည်။
"အံမယ်....နင်က စောရောက်နေတယ်ပေါ့"
လင်းအာရုံ၏ နားရွက်လောက်သာ ရှိသည့် ထိုကောင်လေးက ဆူပုတ်စွါဖြင့် မိမိပုခုံးပေါ် တင်ထားသည့် လင်းအာရုံ၏ လက်အား ဖယ်ချနေသည်။ လင်းအာရုံဟာ လွှတ်မပေး ဆွဲချလေ ပို၍ ပို၍ ဖက်လေ ဖြစ်လာ၍ ထိုကောင်လေးခင်ဗျာ ဒေါသ ငယ်ထိပ်ပင် ရောက်နေပြီ...။
"ဖယ်စမ်းပါ လောရှည်မရယ်...။ ဒေါက်ကြီး စီးစီးပြီး ငါ့အရပ်ကို နှိမ်နှိမ်နေတာ"
"ဘယ်မှာဒေါက်စီးလဲ။ ဒီမှာကြည့် ပါးပါးလေး စီးထားတာကို။ နင်ကိုက ပုနေတာ.."
"ပုမှ နုတာဟဲ့။ ရှည်တဲ့လူတွေက သေရင် အခေါင်းထဲ ချိုးထည့်ရတာ။ အခေါင်းမဆန့်တဲ့ဟာတွေ"
"ဟား....။ အခေါင်းကို ရှည်ရှည်လေး လုပ်ခိုင်းမှာပေါ့"
တကယ်တော့ ထိုကောင်လေးအရပ်ဟာ ပုံမှန်လောက်ပင်။ ထိုကောင်လေးအရပ်ဟာ 5'5'' ယောက်ျားလေးတစ်ယောက်အနေနဲ့တော့ ပုတယ်ဆိုပေမဲ့ အရမ်းအပုကြီးတော့မဟုတ်ပေ။ လင်းအာရုံကသာ 5'8''ဖြစ်နေတော့ သူက ပို၍ ပုသလိုဖြစ်နေသည်။ မိန်းကလေးတစ်ယောက်အတွက် 5'8''ဆိုတာ အရမ်းရှည်လွန်းနေတယ်မလား...။
ထိုကောင်လေးနာမည်က ရှင်းသန့်ငယ်...။ ရှင်းသန့်ငယ်ဟာ လင်းအာရုံနှင့် မူကြိုတည်းက တပူးပူးတတွဲတွဲနှင့် ခင်လာသည့် ငယ်သူငယ်ချင်းသာဖြစ်သည်။ ရှင်းသန့်ငယ်ဟာ အရွယ်ရောက်သည့်အချိန်မှစ၍ သူဟာ မိန်းကလေးတွေ စိတ်မဝင်စားကြောင်း ယောက်ျားလေးသာ စိတ်ဝင်စားကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထား၍ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးသည် သာမန် ယောက်ျားလေးမိန်းကလေးသူငယ်ချင်းတွေထက်ပင် ပို၍ ခင်မင်စုံမက်ကြသည်။
![](https://img.wattpad.com/cover/240338997-288-k695927.jpg)
YOU ARE READING
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...