Part 20

404 53 4
                                    

Zawgyi:

"    >>>>> 2019 November <<<<<

   ဒေါ်မိုးနှင်းစက်က ပန်းချီကားလေးကို မျက်ရည်ကြည်တွေ ဝဲလုဆဲဆဲ ဖြစ်နေသည့် မျက်ဝန်းတွေနှင့် စိုက်ကြည့်နေရင်း နာကျင်နေသော လေသံများနှင့် ဆက်၍ ပြောလာခဲ့သည်။ မိုးကောင်းကင် ကတော့ သူ့ဒေါ်လေးကို ကြည့်ရင်း စိတ်ဝင်တစား နားစွင့်နေလေရဲ့...။

"အဲ့ဒီနေ့က မေမေ့မျက်နှာတစ်ခုလုံး ရဲပတောင်းခတ်နေပြီး အဆူလွန်ပြီးပေါက်ထွက်တော့မဲ့ ရေနွေးကရားလို ဖြစ်နေခဲ့တယ်။ သူ့ရှေ့မှာ တွေ့သမျှ အရာတွေကိုလည်း တွန်းထုတ်ပြီး တွေ့သမျှ လူတိုင်းကိုလည်း ဖယ်ထုတ်ပစ်နေခဲ့တာ။ ပြီးတော့ ဖိုးသားအခန်းထဲကို ဝင်ပြီး သူလိုချင်တဲ့ဟာကို အသည်းသန် ရှာနေခဲ့တာ..."

"အဲ့ဒီချိန်တုန်းက ဒေါ်လေးတို့အိမ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ပုဂ္ဂိုလ်ရေးကို လေးစားပါတဲ့။ တစ်ယောက်အခန်း တစ်ယောက် မဝင်ရဘူး။ တစ်ယောက်ပစ္စည်း တစ်ယောက်မကိုင်ရဘူး။ အဲ့ဒီစည်းကမ်းကို ထုတ်ခဲ့တာလည်း မေမေ ကိုယ်တိုင်ပဲ။ ပြီးတော့ သူကိုယ်တိုင်ပဲ အဲ့စည်းကမ်းကို ချိုးဖောက်ပစ်ခဲ့တာ....."

     ဒေါ်မိုးနှင်းစက်ရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်တစ်စက်ကျလာပြီးနောက် သူမ မျက်ဝန်းကို အတင်းမှိတ်ပစ်လိုက်သည်။ ထို့နောက် သူ့မမျက်ဝန်းထဲမှာ အဲ့ဒီနေ့ရက်က ပုံရိပ်တွေ ထင်ထင်ရှားရှားပေါ်လာခဲ့သည်လေ...။

<<<<<<<<<<<<<<<

      ခမ်းနား ထည်ဝါလွန်းသည့် ဧည့်ခန်းကြီးထဲတွင် စိန်တွေ ဝင်းဝင်းခတ်နေအောင် ဝတ်ထားသည့် အမျိုးသမီးကြီးတစ်ယောက်သည် ဒေါသမီးတွေ ဟုန်းဟန်းတောက်လျှက်နှင့် ထိုင်နေလေသည်။ သူမ ရှိရာသို့ ဘယ်သူမှ အနားမကပ်ရဲဘဲ အဝေးကသာ ချောင်းကြည့်နေကြသည်။ မိုးနှင်းစက်ဆိုသည့် ကောင်မလေးလည်း အဝေးတစ်နေရာမှ အကဲခတ်နေသည်လေ။

       ထိုအချိန်တွင် အိမ်ထဲသို့ ရှက်သွေးဖြာနေသည့် အရိပ်ယောင်များနှင့် အလှပဆုံး ပြုံးရင်း ကောင်လေး တစ်ယောက် ဝင်လာခဲ့သည်။ မြင်ဖူးခဲ့သမျှထဲမှာ ဒီအပြုံးဟာ အလှပဆုံးဖြစ်နေခဲ့သည်လေ။ ထိုကောင်လေးကို မြင်သည်နှင့် ဒေါ်မိုးအိမ်စည် က သူ့ဒေါသတွေကို မျက်တောင်လေးစင်းကာ အရင်ထိန်းလိုက်သည်။ ပြီးမှ.....

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)حيث تعيش القصص. اكتشف الآن