Zawgyi:
>>>>> 2019 October <<<<<
နောက်ဆုံးတစ်ခေါက် ပွဲပြီးသွားကတည်းက ကျောင်းက ၂လပိတ်သည်။ ကျောင်းပိတ်ရက်တွေမှာ ရှင်းနဲ့အတူ ဘာရယ်မဟုတ် အကြောင်းပြချက်မရှိ မိုးသက်ဦးတို့အိမ်ကို သွားဖြစ်နေခဲ့သည်။
သူတို့အိမ်မှာ လင်းရယ် ရှင်းရယ် မိုးသက်ဦးရယ် ခန့်မှူးပိုင်ရယ် လေးယောက်သား မုန့်တွေလုပ်စားကြတယ်။ game အတူတူဆော့ကြတယ်။ ဟာသတွေပြောကြတယ်။ တကယ်ကိုပျော်စရာကြီးရယ်။
မိုးသက်ဦးမေမေကလည်း လင်းတို့ကို ကိုယ့်သားသမီး တွေလိုပဲ ချစ်ရှာတယ်။ အန်တီ့ကိုတွေ့တိုင်း မေမေ့ကို ပြန်မြင်နေရသလိုပဲမို့ ခဏခဏ သွားချင်မိတာလည်း ဖြစ်မည်။
မိုးသက်ဦးကို အစကတော့ အမြင်ကတ်ပေမဲ့ သူက ထင်သလောက်ကြီးတော့ မဆိုးဘူးရယ်။ သူရြဲ့ ပြောင်တိပြောင်စက် မျက်နှာက ဟာသတွေပြောပြီး တခြားလူတွေကို ရယ်မောအောင်တော့ သူလုပ်နိုင်တယ်။ ဦးကတော့ ချွင်းချက်ပေါ့...။
သူတို့အိမ်သွားတိုင်း ဦးက ရှိတစ်ချက် မရှိတချက်ရယ်။ မရှိတာက ပိုများတယ်။ မိုးသက်ဦးပြောတော့ ဦးက အိမ်တွေ ခြံတွေ ငှါးထားသည်မို့ ဘာမှလုပ်စရာမလိုဘူးတဲ့။ ဒါပေမဲ့ လင်း သွားသည့်အခါတိုင်း ဦးက အလုပ်များနေတတ်တယ်။
ဦး အိမ်မှာ ရှိနေတတ်တဲ့အချိန်တွေဆို လင်း ဦးအနားကို သွားပြီး စကားတွေပြောဖြစ်တယ်။ ဒီလိုကျ သူ့အိမ်သွားရတာ အကျိုးတော့ မယုတ်ပါဘူး။ ဦးအကြောင်းတွေ နည်းနည်း ပိုသိလာတယ်လေ။
ဦးက သရဲဝတ္တုတွေဖတ်ရတာ ကြိုက်တယ်။
တစ်နေရာရာကို ငေးကြည့်ပြီး ဆွေးနေရတာ ကြိုက်တယ်။
ကော်ဖီဆို ပူပူ ခါးခါးလေးမှ ကြိုက်တယ်။
တစ်ခုခုကို တွေ့တိုင်း အဲ့တာနဲ့ပတ်သတ်ပြီး အတွေးတွေ နယ်ချဲ့ရတာ ကြိုက်တယ်။
အဲ့လိုတွေးမိတိုင်းလည်း တစ်ယောက်ယောက်ကို ပြန်ပြောရတာ ကြိုက်တယ်။
လင်းကလည်း ဦးပြောသမျှကို နားထောင်ရတာကို ကြိုက်တယ်။

ESTÁS LEYENDO
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomanceZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...