Zawgyi:
>>>>> 2019 September <<<<<
မဲလိပ်များဖွင့်ကြည့်ပြီး တစ်ယောက်ချင်း နာမည်တွေရွှတ်ပြနေချိန်မှာ လင်းအာရုံ စိတ်အိုက်နေပြီ။ မိမိအလှည့်ရောက်ချိန်မှာ မတ်တတ်လေးရပ်ပြီး မိမိကိုယ်ကိုမိတ်ဆက်ပေးလိုက်သည်။
ထို့နောက် မဲလိပ်ထဲမှ နာမည်တစ်ခုကို ရွှတ်ပြချိန်မှာတော့ ထိုနာမည်ပိုင်ရှင်ဟာ မျက်လုံးမှေးပြီး သွားထပ်များပေါ်အောင် ပေါ့ပြက်ပြက် ရယ်ပြသည်။ တည်တည်တံ့တံ့ အေးချမ်းသည့် အပြုံးမျိုးဖြင့်ပြုံးပြလည်း ရသည်လေ။ ဘာကြောင့်များ ကိုယ့်ကို ပေါ့ပြက်သွားစေသည့် ပုံစံမျိုး ဆောင်နေရသလဲဆိုသည်ကို လင်းအာရုံ တကယ်ပင် နားမလည်ပါ။
တီချယ်ထွက်သွားချိန်မှာ ခန့်မှူးပိုင်နှင့်အတူ လင်းအာရုံနှင့် ရှင်းသန့်ငယ်ရှိရာ ဆီသို့ လှမ်းလျှောက်လာသည်။ ရှုပ်ရှင်ဇာတ်ဝင်ခန်းများထဲမှ မင်းသားများပေါ်လာသည့် အခန်းလိုပင် ကြည့်ကောင်းလွန်းနေသည်။
ခန့်မှူးပိုင်၏ ပုခုံးကို မမှီတမှီ ဖက်ထားရက်မှ တမင်ပုံဖော် ကောက်ယူထားသော ဟိုတစ်စဒီတစ်စ ဆံပင်ကောက်လေးများအား ခပ်ဖွဖွ ဖွလိုက်ပြီး
"ကိုယ်တိုင်းမှာဆို အမြန်တိုင်းပေးနော်။ ငါတို့သွားစရာရှိတယ်"
"အမြန်တိုင်းလို့မရဘူး။ အင်္ကျီတစ်ထည်ဖြစ်ဖို့ fitting တိုင်းတာက အရေးကြီးဆုံးပဲ။ ဒါငါတို့ test ပဲ မဟုတ်ဘူး။ နင်တို့အတွက်လည်း test ပဲမလား။ ကိုယ့်တာဝန် ကိုယ်သိပြီး အချိန်လေးစားပါ။ ငါတို့ တိုင်းပြီးမှ နင်တို့ သွားလို့ရမယ်။ ငါတို့လည်း အားနေတာမဟုတ်ဘူး"
တကယ်ပင် မိုးသက်ဦးအတွက်လည်း ဒါက test ပဲဖြစ်နေသည်။ model ဋ္ဌာန တတိယနှစ်မှ ယောက်ျားလေးများသည် ဒီဇိုင်းနာဋ္ဌာနအတွက် model လုပ်ပေးရမည်ဖြစ်ပြီး မိန်းကလေးများသည် ရုတ်ကူးရေးဋ္ဌာနမှ ဓာတ်ပုံအသင်းအတွက် model လုပ်ပေးရမည်သာ ဖြစ်သည်။ ဒီတစ်ခေါက် show အတွက် အမှတ်များသည် အလွန်အရေးကြီးသည်လည်း ဖြစ်သည်။ သို့သော်လည်း ဒီနေ့က ဦးအောင်မိုးနှင့် တွေ့ကိုတွေ့ရမည်ဖြစ်၍ မသွားလို့မရ။

VOUS LISEZ
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
Roman d'amourZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...