Zawgyi:
>>>>> 2019 October <<<<<
ဖက်ရှင် show စတိတ်စင်ကြီး၏ နောက်ကွယ်အခန်းလေးတွင် ဒီဇိုင်းနာများ၊ မိတ်ကပ် artistများ၊ မော်ဒယ်များ၊ ပွဲစီစဉ်သူများနှင့် ရှုပ်ယှက်ခက်နေလေသည်။ ကိုယ်စီအလုပ်များနှင့် ဗျာများနေသူများတွင် လင်းအာရုံတို့ လေးဦးလည်း အပါဝင်ဖြစ်သည်။လင်းအာရုံက မိုးသက်ဦးအား ကုတ်အင်္ကျီလေးဝတ်ပေးလိုက်ပြီး ပုံစံကျအောင် လိုက်၍ ပြင်ပေးလိုက်သည်။ အားလုံး အဆင်ပြေလောက်ပြီဆိုမှ သူမလည်း အသက်ဝဝရှူနိုင်သည်။ ဒါတောင် သူမ လက်ဖျားတွေဟာ အေးစက်နေသည်။ မည်မျှထိ စိတ်လှုပ်ရှားနေလဲ ဆိုသည်ကို တုန်ယင်နေသည့် သူမ နှုတ်ခမ်းဖျားလေးအား ကြည့်လျှင်ပင် သိနိုင်ပေသည်။
"အရမ်း စိတ်လှုပ်ရှားမနေပါနဲ့။ နင် လုပ်နိုင်ပါတယ်"
စိတ်လှုပ်ရှားနေသည့် လင်းအာရုံအား အကဲခတ်ကာ မိုးသက်ဦးက နှစ်သိမ့်စကားဆိုလိုက်သည်။ လင်းအာရုံလည်း နှုတ်ခမ်းလေး တင်းတင်းစေ့ပြီး မရဲသော အပြုံးဖြင့် ပြုံးလိုက်သည်။
"အင်းပါ...။ နင်လည်း ကောင်းကောင်းလုပ်နော်။ ငါအမှတ်ကောင်းကောင်းရဖို့က နင့်အပေါ်မှာလည်း အများကြီး မူတည်နေတယ်။ နင်သိတယ်မလား"
"ဒါပေါ့။ ငါက နဂိုတည်းက တော်ပြီးသားပါ။ နင် စိတ်မပူပါနဲ့"
"တော်ရင်လည်း ပြီးတာပါပဲ။ နင့်ကိုယုံလိုက်မယ်"
မိုးသက်ဦးက အပေါ်နှုတ်ခမ်းလေးအား ဘယ်ဘက်သို့ အနည်းငယ် တွန့်လိုက်ပြီး မျက်လုံးလေးတစ်ဖက်အား မှိတ်ပြလိုက်သည်။ အေးဆေးပါ ဆိုသည့် သဘောမျိုးဖြင့်။
ရှင်းသန့်ငယ်သည်လည်း ခန့်မှူးပိုင်ကို နက်ကတိုင်လေး မမှီတမှီနှင့် စည်းပေးနေသည်။ ခါတိုင်းဆို ရှင်းသန့်ငယ် မမှီတိုင်း ခြေထောက်လေး ကားကာ ရပ်ပေးသည့် ခန့်မှူးပိုင်ဟာ ဒီနေ့တော့ မမှီအောင် တမင် မတ်ကာ ရပ်နေလေသည်။
"အောက်နည်းနည်း နိမ့်ပေးပါ့လား။ ကျွန်တော် မမှီဘူး။ ပုံမလှမှာစိုးတယ်"
"ခုံခုပြီး လုပ်"
ဂါး....။ စိတ်ပုတ်လိုက်တာ။ လင်း ပြောသလို စိတ်ကောက်နေတာများလား...။

STAI LEGGENDO
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
Storie d'amoreZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...