Zawgyi:
>>>>>> 2019 December <<<<<<
"ဘာ! နင် ဘာပြောလိုက်တယ်...."
"ဟုတ်တယ်။ ငါ နင့်ကိုချစ်တယ်!..."
ထိုစကားလေးကြောင့် လင်းအာရုံက မိုးသက်ဦးအား မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ မိုးသက်ဦး သူမကို ချစ်နေလိမ့်မည်ဆိုသည်က သူမ စိတ်ကူးထဲပင် မစဉ်းမိစားသည့် ကိစ္စမလား။ ရုတ်တရတ်ကြီးဖွင့်ပြောခံရ၍လားတော့ မသိ။ ရှက်သည့်စိတ်ရော အံ့အားသင့်သည့်စိတ်ရော ပေါင်းပြီး သူမ လုံးဝ ထူပူသွားသည်။ စက္ကနိ့ပိုင်းလောက်ထိ သူမ မလှုပ်မယှက်ဘဲ ကြောက်ရုပ်သဖွယ်ဖြစ်နေခဲ့သည်။
"မိုးသက်...။ နင်အတည်တွေပြောနေတာလား..."
"အင်း.."
မိုးသက်ဦးက သူမမျက်ဝန်းတွေအား တည့်တည့်ကြည့်ကာ ပြောလာသည့်မို့ သူ့မျက်ဝန်းမှတဆင့် မိုးသက်ဦး၏ ခံစားချက်အစစ်မှန်တွေအား သူမ မြင်နေရသည်။ သို့သော်လည်း တစ်လျှောက်လုံး မိုးသက်ဦးအား သူငယ်ချင်းဟုသာ သဘောထားခဲ့သည်မို့ သူမမှာ ပြောစရာ စကားမရှိ။ ဒီလိုအခြေနေမှာလည်း သူမ ဘာပြောရမှန်းမသိ ဖြစ်နေသည်။
"ဒါပေမဲ့.. ငါက.."
"ငါသိပါတယ်။ နင် ဦးငယ်ကိုချစ်နေတယ်ဆိုတာ...။ ဒါပေမဲ့..."
မိုးသက်ဦး ဖြတ်ပြောလိုက်သည့် စကားကြောင့် သူမ ထပ်မံ အံ့အားသင့်ရသည်။ တကယ်က သူမ ထိုမကြောင်းပြောမလို့မဟုတ်။ သူငယ်ချင်းလိုသာ သဘောထားကြောင်း ရှင်းပြမလို့သာ...။
မိုးသက်ဦး၏ ထိုစကားကြောင့် မေးခွန်းတွေများလာပြီး ခံစားချက်တွေ ရှုပ်ထွေးလာရသည်။ ဦးကိုချစ်နေတဲ့အကြောင်းတွေကို သူ သိနေခဲ့တာလား။ ဘယ်လိုသိနေခဲ့တာလဲ။ လင်းက အဲ့လောက်တောင် သိသာနေခဲ့တာလား။ လင်းကိုယ်တိုင်တောင် ဦးကိုတကယ် ချစ်နေတာ သေချာရဲ့လားတောင် မသိဖြစ်နေတုန်းရယ်ပါ။ ဦးကို ချစ်တာကို မရှက်ပေမဲ့ ခုလို တစ်စုံတစ်ယောက်က ပြောလာသည့်အခါ အနည်းငယ် ရှက်စိတ်တို့ ဝင်လာခဲ့သည်။ ပြီးတော့ အခုပြောရမှာက သူနဲ့လင်းအကြောင်မလား။ ဘာလို့ ဦးကို ဆွဲထည့်ရတာလဲ....။
![](https://img.wattpad.com/cover/240338997-288-k695927.jpg)
CZYTASZ
မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)
RomansZawgyi: 1997 ခေတ်ကာလနှင့် အခုမျက်မှောက်ခေတ်ကာလတို့ ခေတ်နှစ်ခေတ်အပြိုင် အချစ်အမုန်းအာဃာတတို့အား ဖော်ကျူးထားသည့် ........... 'မိုးသားတို့ ကင်းစင်ချိန်' မဟောင်းသေးတဲ့ အတိတ်ဇာတ်လမ်းလေးအား တို့တွေအတူ ခံစားကြည့်ကြရအောင်ပါ..........။ Unicode: 1...