မြင်ရပါများတော့ရူးချင်သည်
တွေ့ရပါများတော့အကြင်သူသည်အိမ်မက်ထဲမှာတောင်
ချစ်ကျွမ်းဝင်ချင်သည့်အမျိုး...မတန်မှန်းသိသည်..
မတူမှန်းလည်းသိသည်..မကျွမ်းဝင်သင့်ပေမဲ့မနက်
မိုးလင်းတိုင်းခိုးခိုးကြည့်ရတဲ့အကြင်သူရဲ့အနက်ရောင်
ဆံနွယ်ပျော့ပျော့လေးတွေကိုနမ်းရိုက်ချင်သည်...
ဖယောင်းလက်အသွယ်သွယ်ကအနုပညာမြောက်သည်မို့ထိတွေ့ချင်သည်..နူတ်ခမ်းနီတာရဲလေးရဲ့အရသာ
ကိုလည်းတစ်ဖန်မြည်းစမ်းကြည့်ချင်သေးသည်...
မျက်ဝန်းလှလှလေးတွေနဲ့အကြည့်ဆုံကာစကား
ပြောချင်ပေမဲ့...အိမ်မက်ထဲတောင်စိမ်းကားစွာ
အခုထိဆက်ဆံနေတဲ့သဇင်ငယ်ထယ်ယောင်းကျောင်းသွားရင်အမြဲတမ်းဂျောင်ကုစက်
ဘီလေးနဲ့တိုးသည်....မာစီဒီးကားပေါ်ကဓနရှင်မင်း
သားကိုလှမ်းကြည့်ချင်ပါသော်လည်းကားမှန်အနက်
ကြောင့်အထဲကိုမမြင်ရ....ဥာစ္စပေါရုပ်ချောလေးက
သူ့မျက်နှာလှလှလေးကအပြုံးတွေကိုတော့တွန့်တို
သည့်ဟန်...တစ်ခါမှလောကကြီးအတွက်မဝေဌဘူး
သေး...မြင်လိုက်ရင်အဲ့ရွှေမျက်နှာတော်ကအမြဲတမ်းစူပုပ်လို့
ကျောင်းတက်တာတစ်လ...ထိုတစ်လအတွင်းထယ်
ယောင်းကဒီကျောင်းကိုပြောင်းလာတဲ့ကျောင်းသားသစ်...ကျောင်းသားသစ်မို့လို့ပေါင်းမဲ့လူမရှိဘူးမထင်ပါနှင့်...ထယ်ယောင်းကရုပ်လည်းချောသလိုငွေကြေးလည်းပြည့်စုံသူမို့ပေါင်းချင်သင်းချင်တဲ့သူတွေခပ်များများရယ်..ထိုထဲမှာတော့ထယ်ယောင်းထင်သလိုဂျွန်ဂျောင်ကုဆိုတဲ့လူသားမပါဝင်ခဲ့...အဲ့လူသားကသူညဘက်ဆေး
လိပ်ခိုးသောက်ချိန်ပါစပ်နားကဆေးလိပ်ယူပြီး
လွှင့်ပစ်တဲ့အရိုင်းအစိုင်းကောင်ပင်..အိမ်ကိုအမြဲ
တန်းပန်းလာလာပို့နေတဲ့ဆင်းရဲသားဆိုလည်းမမှား..
ဒီကျောင်းကိုစစပြောင်းခြင်းအဲ့အရိုင်းအစိုင်းကသူ့ကို
အရင်လာပြီးသူငယ်ချင်းလုပ်မယ်ထင်ခဲ့တာ...တလွဲ
တွေ...ဂျွန်ဂျောင်ကုကသူ့ကိုအမြဲတမ်းမျက်ဝန်းသေ
တွေနဲ့ကြည့်နေခဲ့တာ.. အဲ့မျက်ဝန်းတွေရဲ့အဓိပ္ပါယ်
ကိုထယ်ယောင်းအခုထိမရှာတတ်...အနောက်တန်း
ထိုင်ခုံတစ်နေရာကနေအမြဲတမ်းကြည့်တတ်တဲ့ထို
လူသားကထယ်ယောင်းအကြည့်နဲ့ဆုံလာတိုင်းမျက်နှာ
လွှဲသွားမြဲ...