Part..4

8.3K 1.3K 51
                                    

"ကင်မ်ထယ်ယောင်း..."

တစ်ကယ်ပါ..ကျောင်းပိတ်ရက်မို့အိမ်မှာကောင်းကောင်းနေရမလားမှတ်တယ်.. တစ်မျိုးပြီးတစ်မျိုးလာခိုင်း
နေတဲ့ဖေဖေရယ်...Gameဆော့နေပေမဲ့လည်းမငြင်း
ဆန်ရဲဖေဖေ့ကိုကြောက်ရသည်မို့အမြန်ပင်ထသွား
ရသည်...

သူဌေးကင်မ်ကတော့တက်တက်ကြွကြွမရှိပဲအပျင်း
လေးဖြစ်နေသောသူ့သားကင်မ်ထယ်ယောင်းလေး
ကိုလုံးဝကြည့်မရပါ...လူငယ်ပဲအချိန်တွေကိုအကျိုးရှိရှိအသုံးချမှာပေါ့ ၊အခုတော့စားလိုက်အိပ်လိုက်
Gameဆော့လိုက်ပင်အချိန်ဖြုန်းနေတော့သည်။ မလွှဲ
သာလို့သာရောက်လာရတာမျက်နှာကစူပုပ်နေရော
..

"ပြော...ဖေဖေ...ဘာခိုင်းမလို့လဲ..."

စိတ်မရှည်တဲ့အသံနဲ့ကင်မ်ထယ်ယောင်းရယ်...

"ရော့..ဒီမှာပိုက်ဆံ...မင်းဒီကနေတည့်တည့်ဆင်းသွား
ရင်အောက်ဘက်ကရပ်ကွက်ကိုရောက်တယ်..
အဲ့မှာဂျောင်ကုပိုင်တဲ့နှင်းဆီခြံရှိတယ်...အဲ့ဒီမှာနှင်း
ဆီသွားဝယ်လာခဲ့..."

ထယ်ယောင်းစိတ်လေသွားသည်
နေ့တိုင်းပန်းသည်ကောင်ကလာပို့နေကျကိုး..ဒီနေ့ကျမှ

"ဖေဖေရာသူ့ဘာသူအချိန်တန်လာပို့မှာပေါ့...သား
မသွားချင်ပါဘူး..အဲ့ရပ်ကွက်ကပေါက်လို့ပဲစားကလေ
ကချေအကောင်တွေကြီးပဲ..အိမ်တွေကလည်းမကောင်း
မကန်းစရိုက်တွေ...ရွံ့စရာကြီး..."

ကင်မ်ထယ်ယောင်းသည်သူ့အမေသွေးအပြည့်...
သူ့အမေလိုပင်လှသည်ကြွားဝါသည်မာနထောင်လွှား
သည်..အထက်တန်းဆန်ဆန်ဘဝင်ခပ်မြင့်မြင့်ရယ်..

"ငါ့စောင့်ကန်လိုက်မယ်နော်..ကင်မ်ထယ်ယောင်း
သွားဆိုသွားဟေ့ကောင်....မင်းလဲလူသူတို့ လဲလူ
ပဲ..စောင့်မြင်ကတ်အောင်လာမလုပ်နဲ့..."

နည်းနည်းမှအလျှော့ပေးလို့မရ
သူ့သားငယ်အဆိုးလေးကသားရယ်ဘာညာကွီက
သွားပြီးချော့ပြောကြည့်..ဒီထက်ပိုဆိုးမည့်အမျိုး..
ဖခင့်စကားကြောင့်ငိုမဲ့မဲ့လေးဖြစ်သွားသောထယ်ယောင်းငယ်...ဟွန့်ဆိုတဲ့အလိုမကျတဲ့အသံဆူးဆူးလေးအပြင်အိမ်ထဲကနေမကျေမချမ်းလေးထွက်သွားသည်။

  Dream(Complete)Where stories live. Discover now