"ကင်မ်ထယ်ယောင်း.."
ဒေါသကြောင့်ရောမောတာရောပေါင်းပြီးဂျောင်ကု
အသံကလိုတာထက်ပိုပြီးတင်းမာနေသည်။
သူ့အသံခပ်ပြင်းပြင်ကြောင့်အရက်သောက်နေတဲ့အမူး
သမားလေးရောဟိုသူတောင်စားကာလနာတွေပါ
လှည့်ကြည့်လာကြသည်.။"တောက်"
ခေါက်သံခပ်ပြင်းပြင်းအပြင်ခြေသံခပ်ပြင်းပြင်းနင်းကာ
စူးရှရှအကြည့်များကြောင့်ဂျောင်ကုပုံစံကမကောင်းဆိုး
ဝါးဝင်ပူးထားသလို၊အနားရောက်သည်နှင့်ဘာမပြော
ညာမပြောအမူးသမားသေးသေးလေးကိုပခုံးပေါ်ကောက်ပြီးတင်ပစ်လိုက်တဲ့ဂျောင်ကု.."ဟိတ်ကောင်...ပလိန်းကြီးမင်းကထယ်ယောင်းကို
ခေါ်ထုတ်သွားရအောင်မင်းကဘာကောင်လဲ..."အကျီ င်္ကြယ်သီးသုံးလုံးမကပြုတ်ထွက်ကာတင်းကျပ်
နေတဲ့ရင်အုံကနိမ့်ချည်မြင့်ချည်...စိုရွှဲနေတဲ့ချွေးစတွေ
နဲ့ဂျောင်ကုကယောကျာ်းအချင်းချင်ပင်ကြွေချင်စရာ..
တံတွေးကိုဖွီကနဲထွေးထုတ်ကာထိုခွေးမသားကို
လက်တစ်ဖက်နဲ့ပင်အသာအယာတွန်းထုတ်နိုင်ပါသေး
သည်။ထို့ကြောင့်ပင်လီဒုံဝူးနဲ့အပေါင်းအပါတစ်ချို
တော်တော်ဖြုံ သွားသည့်ပုံ"ငါဘာကောင်လဲဆိုတာ..မင်းပထွေးကင်မ်ထယ်ယောင်းနိုးလာရင်မေးကြည့်လိုက်.."
ပြောပြောဆိုဆိုဂျောင်ကုကထယ်ယောင်းအား
ပခုံးပေါ်ထမ်းရင်းထွက်သွားသည်..ပခုံးပေါ်ကနှင်းဆီ
ပျိုကတော့ဘာမှမသိတော့လောက်အောင်အိမ်မက်က
မ္ဘာတွင်လက်ပစ်ကူးလျှက်။ဂျောင်ကုမှာတော့ထယ်ယောင်းကြောင့်အလုပ်တော်တော်ရူပ်သွားရသည်။အတန်းလည်းဆက်မတက်ဖြစ်တော့တဲ့အပြင်အဲ့ကြွေရုပ်ကလေးကိုပခုံးပေါ်ထမ်းရင်း
Taxiငှါးကာအိမ်ကိုခေါ်လာခဲ့ရသည်။ထိုTaxi
ဌားခသည်လည်းဂျောင်ကုမစားရက်မသောက်ရက်ပဲ
နဲ့ကျစ်ကျစ်ပါအောင်ဆုထားတဲ့မုန့်ဖိုးတွေ။လိုချင်တာ
လေးတွေဝယ်ဖို့ဆိုပေမဲ့ထယ်ယောင်းဆိုတဲ့လူက
သူအလိုချင်ဆုံးဆိုတဲ့အထဲကနံပတ်တစ်အလိုချင်
ဆုံးပင်။စောစောစီးစီးကျောင်းကပြန်လာတဲ့အပြင်ကော်တစ်
ရာလေးကTaxiပါငှါးလာသေး၊ပခုံးပေါ်မှာလည်းလမ်းထိပ်ကသူဌေးသားလေးကိုပါတင်ထားသည်မို့
ဂျောင်ကုအမေမှာဘာများဖြစ်တာလဲဟုတွေးကာပြာ
ယာခတ်တော့သည်..သူမထက်ပြာယာခတ်သူက
သူမသားဂျောင်ဂုကီးပင်။ချက်ချင်းပင်သားအမိနှစ်ယောက်လုံးအိပ်ယာတွေခင်းကာအမူးသမားလေးကို
သိပ်ရတော့သည်.။တစ်ခါမှမသောက်ဖူးတဲ့အရက်
သမားလေးကတော့မျက်နှာလေးနီမြန်းကာတောက်
လျှောက်အန်တော့သည်..ချွေးသီးချွေးပေါက်တွေ
စီးကျလျှက်နိုးတစ်ဝက်မနိုးတစ်ဝက်နဲ့ထရစ်ပြန်သည်.
နောက်တော့အမူးသမားလေးနဲ့မိန်းမသားဖြစ်သူအမေ
မှာဘယ်လိုမှမသင့်တော်သည်မို့သူသာတစ်ယောက်
ထည်းဒိုင်ခံလုပ်ပေးရတော့သည်..ချွေးစေးတွေအရက်
စော် နံ့ နေတဲ့ကျောင်းအကျီ င်္အဝတ်အစားတွေကိုချွတ်ကာဒီနှစ်ကောက်ရိမ်းသိမ်ပွဲတုန်းကအမေသူ့ကို
လက်ဆောင်ပေးခဲ့တဲ့အကျီ င်္အသစ်တစ်စုံကိုလဲပေး
လိုက်ရသည်။ဘောင်းဘီကတော့သူ့အားကစားဘောင်း
ဘီခပ်ပွပွရယ်သာ၊အဲ့ကျမှချောင်ချောင်ချိချိလေဝင်လေ
ထွက်ကောင်းကာအမူးသမားလေးမှာငြိမ်သက်သွားတော့သည်။