"မောင်...လွှတ်ဦး...လွှတ်ဦးလို့...လက်နာနေပြီ
မောင်တအားပဲ..."လက်ကိုခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်းဇွတ်တရွတ်ဆွဲခေါ်
လာတဲ့မောင်၊မောင့်ပုံစံကအရမ်းကိုကြောက်ဖို့ကောင်း
သည်။တင်းမာသောမျက်နှာထားသေသပ်လှတဲ့မေး
ရိုးကြောင့်အကြောတွေကထင်းကနဲ...တင်းတင်း
စေ့အောင်အံကျိတ်ထားတဲ့နူတ်ခမ်းတွေကြောင့်
ထယ်ယောင်း...မောင့်ဒေါသအတိမ်အနက်ကိုကောင်းကောင်းသိလိုက်သည်။"မောင်...ထယ့်လက်တွေအရမ်းနာနေပြီ...."
နာလွန်းလို့ထယ်ယောင်းအော်မိလိုက်သည်။
ချာကနဲလှည့်ကြည့်လိုက်တဲ့မောင့်မျက်ဝန်းတွေကဒေါ
သပြေပုံမပြ..."မောင်မင်းငါ့ကိုစိတ်ဆိုးနေတာမလား...အဲ့ကောင်
ဒုံဝူးကမတွေ့တာကြာပြီစကားပြောချင်တယ်ဆိုလို့
ငါဒီအတိုင်းသွားတွေ့တာပါမောင်ရယ်...ရိုးရိုးသား
သားပဲ...မောင်သူ့ကိုမယုံရင်တောင်မှမင်းငါ့ကိုယုံသင့်
တယ်လေမောင်ရယ်...."ဂျောင်ကုပခုံးနှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်ရင်း
ဂျောင်ကုမျက်ဝန်းတွေထိအသနားခံမိလိုက်သည်။ဘာမှမပြောဘဲတည်ငြိမ်နေတဲ့ဂျောင်ကုဟာသူ့ကို
သေစေချင်တဲ့ပုံ။အရင်တုန်းကထယ်ယောင်းကမာန
ကြီးကာမောက်မာတတ်သလောက်မောင့်ရှေ့က
ထယ်ယောင်းကတော့အချစ်အတွက်မာနတစ်စိုးတစ်စိ
မှတောင်မရှိတော့...."မောင်..."
ထယ်ယောင်းဂျောင်ကုရင်ခွင်ထဲငိုကာခိုဝင်မိသည်။
"စိတ်ဆိုးပြေပါမောင်ရယ်...ငါမဆိုးတော့ဘူးလေ
ကွာ..အဲ့ကောင်ကိုမောင်..မင်းမကြိုက်ဘူးမလား..
ငါ မပေါင်းတော့ဘူးလေ..."ဂျောင်ကုလည်းတစ်ကယ်စိတ်မဆိုးရက်ပေ။
မကြိုက်ဘူးဆိုတာကိုသေချာမှာထားတာတောင်
ထယ်ယောင်းကသူမရှိတာနဲ့အဲ့ကောင်နဲ့သွားပေါင်း
တယ်ဆိုတော့မလွန်ဘူးလား...အမေကိုကူညီပြီးတာ
နှင့်ထယ်ယောင်းကိုတွေ့ချင်ဇောနဲ့စက်ဘီတောင်မစီး
နိုင်bus ကားကိုတိုးစီးခဲ့ရသည်။သည်ရောက်လာ
တော့လည်းအမောပြေလေးတွေ့ရမယ်မှတ်တယ်
Drvire ဦးလေးကြီးက