တဝူးဝူးတိုက်နေတဲ့လေတိုးသံကြောင့်ရော
ပါးပြင်ကိုစပ်ဖျင်းဖျင်းလာရောက်ထိတွေတွေနဲ့လေထု
ကြောင့်ရော..ထယ်ယောင်းမောင့်ခါးကိုဖက်ကာ
ကျောပြင်ကျယ်ကြီးတွင်မျက်နှာအပ်ထားမိသည်။
မောင့်ဦးတည်ရာနေရာကိုလည်လည်ဝယ်ဝယ်မသိပါ
ဘဲမောင့်နောက်ကမောင့်အားကိုပြီးလိုက်လာမိသည်။တဖြည်းဖြည်းထယ်ယောင်းနဲ့မောင်အရင်နေခဲ့တဲ့
ရပ်ကွက်နဲ့နီးလာသည်မို့မောင့်ဦးတည်ရာကိုထယ်
ယောင်းသိလာသည်။သိပ်မကြာလိုက်ထယ်ယောင်း
ရောမောင်ရောထိုအိမ်ကြီးဆီတစ်ဖန်ပြန်ရောက်ခဲ့ကြ
သည်။အရင်တုန်းကမီးတွေတမြိုင်မြိုင်နဲ့စည်ကားနေတဲ့ထယ်
ယောင်းအိမ်ကြီးကအခုတော့တစ္ဆြေုကီးညအလယ်မှာ
ငုတ်တုပ်ထိုင်နေသလို....အတိတ်နဲ့ပစ္စုပန်စပ်ကြား
လေးယှဉ်တွဲကြည့်တော့မတည်မြဲခြင်းသဘော
ပြောင်းလဲတတ်ခြင်းသဘောတွေသာထယ်ယောင်း
တွေးမိလာသည်။အမှန်နဲ့အမှား
အဖြူ နဲ့အမဲ
ဆင်းရဲခြင်း..ချမ်းသားခြင်း
အားလုံးဟာအပေါင်းအနူတ်ဆောင်တဲ့သဘောသာ
ဘာမှမတည်မြဲနိုင်ပေမဲ့
တည်မြဲခြင်းတွေကိုမောင့်ဆီကနေသာ
မျှော်လင့်မိသည်။လက်ခံပေးပါမောင်။
ထယ်ကမောင့်ရင်ခွင်ကလွဲတစ်ခြားသွားစရာနေရာ
မရှိလို့...။"ထယ်.."
နားနားကပ်ကာခေါ်လိုက်တဲ့ဂျောင်ကုကြောင့်ထယ်ယောင်းမျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းတစ်စုံနဲ့ ပြန်ကြည့်တယ်။
"မောင်..."
မောင်ကထယ်ယောင်းဝမ်းနည်းနေတာကိုရိပ်မိသည့်
ဟန်လက်လေးကနေဖပ်ဖွဖွဆွဲရင်း...အုန်းပင်အောက်လေးကိုခေါ်သွားသည်။ပြောရမယ်ဆိုရင်ညာဘက်ခပ်လှမ်းလှမ်းကလမ်းမီးဓာတ်တိုင်ကအုန်းပင်နဲ့ကွယ်သော
ကြောင့်ဘယ်ဘက်အခြမ်းကခပ်မှောင်မှောင်ရယ်။.ခြင်တွေကလည်းအမှောင်ထဲတိုးဝင်လိုက်တာနဲ့တဝီဝီ
နဲ။"မောင်...ခြင်တွေနဲ့..."
ထယ်ယောင်းစကားကိုမောင်ကနှစ်လိုဖွယ်ပြုံးရင်း
တစ်နေရာကိုလက်ညိုးထိုးပြသည်မို့ထယ်ယောင်း
လှမ်းကြည့်မိသည်။