"မနေ့ညကမင်းအရက်တွေအများကြီးသောက်လာ
ပြန်ပြီလား..ကိုယ့်မျက်နှာလဲကိုယ်ပြန်ကြည့်ဦးအရက်
ဖော ..ဖောနေပြီ..."ဂျင်းမီဖျော်ပေးတဲ့ကော်ဖီခါးတစ်ခွက်ကိုသံပုရာရည်
ညှစ်ထည့်ရင်းအမူးပြေသောက်လိုက်သည်။ဒါမှအရက်နာကျခြင်းကသက်သာမည်လေ။အမေကတော့စုတ်တီးစုတ်ပြတ်သူ့ ပုံစံကိုမျက်စောင်းထိုးကြည့်ရင်း"ငါဂျင်းမီအမေကိုသိပ်အားကျတာပဲ...အခုဆိုရင်မြေး
တောင်ချီရတော့မယ်..ငါ့မှာတော့မြေးမပြောနဲ့အခုထိရည်းစားရှိတယ်ဆိုတဲ့အသံတောင်မကြားဖူးသေးဘူး."အမေပြောချင်သလိုပြေါဂျောင်ကုဘာမှစိတ်မဝင်စားပါ
ထယ်ယောင်းဆိုတဲ့လူသားထာခဲ့ပြီးကတည်းကအချစ်
ရေးလူမူ့ရေးဘာမှစိတ်မဝင်းစားတော့..."အိုပါးကလူချောပါ..အန်တီရဲ့တစ်ချိန်ကျရင်အန်တီ
လည်းမြေးချီရမှာပေါ့...ဟုတ်ဖူးလား..."ဂျင်းမီကတော့အမေ့ကိုလက်ဖက်ရည်ကြမ်းငှဲ့ပေးရင်း
စကားဆိုသည်။"မဗိုက်..ကိုယ့်ဘာသာကိုယ်အေးဆေးနေနော်...
အေးအေးဆေးဆေးမနေလို့ ကတော့နင့်ယောကျာ်း
ဆွဲနေတဲ့ငါ့ကားကိုပြန်သိမ်းလိုက်မှထမင်းငတ်သွား
မယ်..."ဟွန့်ကနဲ့အသံနဲ့အတူဆူပုပ်သွားတဲ့ဂျင်းမီမျက်နှာ။
အမေကတော့ဂျောင်ကုကိုသာမဲချင်နေတဲ့ပုံ"သူများကိုသွားမပြောနဲ့...သူ့ယောကျာ်းဂျယ်မြောင်း
ကမသောက်မစားလေး..ကြိုးကြိုးစားစားအလုပ်လုပ်
နေတာ..မင်းမှဘာလုပ်မှန်းလဲမသိ..ပိုက်ဆံတွေကလည်းသုံးလိုက်တာအားချည်း...ထားလိုက်ပါတော့ဒါတွေ
ဒီလောက်ပိုက်ဆံရှာနိုင်မှတော့မင်းမိန်းမယူသင့်တယ်လေ..ငါတို့မျိုးရိုးအတွက်..ငါမင်းအရွယ်တုန်းကဆို
မင်းကိုတောင်မွေးပြီးနေပြီ..."ဒီထက်ဆူညံ့ပွက်လောရိုက်ပြီးမိန်းမယူဖို့အကြောင်း
ပြောနေမဲ့အမေ့ဒဏ်ကိုမခံစားနိုင်တော့ချင်ချင်းပင်
ကိုယ့်အခန်းကိုယ်ပြန်ပြေးတက်လာသည်။ခပ်မှောင်မှောင်သူ့အခန်းလေးထဲမှာသူစွဲလမ်းဖူးတဲ့
ထယ်ယောင်းပုံလေးတွေ...ပုံလေးတိုင်းကသူပုံစံ
လးနဲ့သူချစ်ဖို့ကောင်းနေရော....အခုတလော
ဂျောင်ကုထယ်ယောင်းအကြောင်းစုံစမ်းရင်ထယ်ယောင်းမသိအောင်Companyကိုသွားသွားချောင်းကာ
ဓာတ်ပုံလေးတွေလည်းမသိအောင်ခိုးရိုက်တတ်သည်။
အဲ့ဓာတ်ပုံလေးတွေကိုကြည့်ပြီးစိတ္တဇဆန်စွာစကား
တွေလည်းပြောဖြစ်ခဲ့သေးသည်။
အနောက်တိုင်းဝတ်စုံအပြည့်CEO Kimရဲ့လမ်းလျှောက်ပုံ..ပြုံးတာလေးတွေအစနူတ်ခမ်းလေးတွန့်ချိုးသွားတဲ့ပုံစံလေးအထိသူမှတ်တမ်းတင်နိုင်ခဲ့သည်။လက်နှစ်ဖက်ကိုနောက်ပစ်ရင်းခေါင်းအုံးအုံးထားသည်မို့ကြွက်သားဆိုင်အဖုအထစ်တွေကအထင်းသား။