"အမေ့Partyကဒယ်ဂူးအထိဆိုရင်သားမလိုက်ခဲ့ပါဘူး"
ထယ်ယောင်းလမ်းမှာပွစိပွစိရေရွတ်မိသည်။
သူထင်ထားခဲ့သည်ကKim ဆွေမျိုးတစ်သိုက်ရဲ့မိသားစုPartyကဆိုလ်းမှာလို့၊တစ်ကယ့်တစ်ကယ်ကျတော့ဒယ်ဂူးမှာ...မနက်ဖြန်မနက်မှဆိုလ်းပြန်ရောက်မည်မို့ကျောင်းကလည်းပျက်ရဦး
မည။ကျောင်းပျက်တာအရေးမကြီးသော်လည်းမောင်
နဲ့တစ်ရက်မတွေ့ရလျှင်တစ်ရက်ထယ်ယောင်းအတွက်
အနေရခက်စေသည်။"ဒါမှန်းသိရင်မလိုက်ခဲ့ပါဘူး...မေမေကလည်းစောစော
ကြိုပြောရောပေါ့...မနက်ဖြန်ကျောင်းတက်ရဦးမယ့်ဥစ္စာ
စာတွေကတော့ပျက်တော့မှာပဲ..."တရိပ်ရိပ်ပြေးလွှားနေသောကားပေါ်တွင်သဘာဝရူ
ခင်းများကိုကြည့်ကာထယ်ယောင်းအမောမပြေနိုင်
တော့။"ကျောင်းတော့ပြေးပြီးစာပျက်မှာကြတော့ငါ့သားက
ကြောက်သားနော်..."အမေ့စကားကြောင့်ထယ်ယောင်းရင်ထဲဒိတ်ကနဲ။
သူကျောင်းပြေးတာရပ်သိရွာသိဆိုတော့ထယ်ယောင်း
သိပ်အလေးမထားချင်။ဒီအတိုင်းသာငြိမ်နေမိသည်။
စီးကရက်သိပ်ကြိုက်တဲ့အမေကအခုထိသူမရဲ့အနီရောင်နူတ်ခမ်းမှာစီးကရက်တစ်လိပ်ကိုရိုက်ဖွာနေတုန်း။
အမေကနေဝင်ရီတရောရဲ့ကားလမ်းဘေးကအလှ
အပတွေကိုငေးကာကြည့်နေပေမဲ့ထယ်ယောင်းက
တော့မျက်လုံးလေးမှိတ်ကာမှေးနေလိုက်သည်။တစ်ကယ်စိတ်ထဲဘဝင်မကျ.. ..အမေကဒယ်ဂူးဇာတိမို့
ဆွေမျိုးတစ်ချို့တစ်လေကဒယ်ဂူးမှာဒုနဲ့ဒေး...ထယ်ယောင်းကတော့အစကတည်းမိဘတွေမျက်စိထဲမှာရော
ဆွေမျိုးတွေရဲ့အလယ်မှာရောမျက်စိဆံပင်မွှေးစူးချင်
စရာမို့ ဘယ်သူမှသူ့ ကိုသဘောမတွေ့ ခပ်ရိုင်းရိုင်း
လို့သာထင်ကြသည်။သူရဲ့နူးညံ့ပြီးချစ်ဖို့ကောင်းတဲ့
ပုံစံကိုမောင်တစ်ယောက်ထဲမြင်ခွင့်ရသည်။သူရဲ့
အတွင်းကျကျစိတ်လေးကိုမောင်တစ်ယောက်ထဲသာ
သိခွင့်ရသည်။မောင်ကသာသူ့ နှလုံးသားကိုအတွင်းကျကျမြင်နိုင်
တဲ့အမြင်အာရုံလေး။"သားငယ်အချစ်ဆုံးသူငယ်ချင်းကဂျောင်ကုလား..."
အမေ့နူတ်ဖျားကနေဂျောင်ကုနာမည်ကြားလိုက်ရ
သည်မို့ထယ်ယောင်းမျက်လုံးလေးအလိုအလျှောက်
ပွင့်လာကာမျက်စံအိမ်လေးတွေဝေ့လည်ကြောင်ပတ်
ကစားမိသည်။