unicode
မောင်ပေးတဲ့လေရဟတ်လေးကလည်နေတယ်
အကြောင်းမဲ့တော့မဟုတ်ပေမဲ့သူကမောင့်နှလုံးသား
ရှိရာကိုရှာနိုင်တဲ့တစ်ခုတည်းသောရေဒါ...
ထယ့်အခန်းလေးမီးမလင်းတော့သလိုပြတင်းပေါက်
တွေလည်းမဖွင့်ဖြစ်တော့ဘူး...အဲ့အခန်းထဲမှာမောင့်
ကိုချစ်တဲ့အချစ်တွေသိုလှောင်ထားတယ်လို့ပဲထယ်
ရှင်းပါရစေ။မောင်နဲ့အတူတူသွားခဲ့ဖူးတဲ့လမ်းတွေ၊
အမှတ်တရတွေကိုတော့ထယ့်နှလုံးသားကသေသေ
ချာချာမှတ်တမ်းတင်ခဲ့တာမို့.ရုပ်ရှင်လိုပါပဲမောင်။မောင်။
"ထယ်ယောင်း...သားဒီနေ့နောက်ကျတယ်..."
အိမ်ထဲဝင်လာသည်နှင့်အမေ့ဆီကထွက်လာတဲ့
စကားသံ။နှစ်ဆယ်ကျော်ယောကျာ်းလေးတစ်ယောက်
အတွက်ညနက်မှအိမ်ပြန်ုခြင်းသည်
အထူးအဆန်းမဟုတ်ပေမဲ့ထယ်ယောင်းအတွက်ရာ
ဇဝတ်သားပမာမေးမြန်းခြင်းခံရတတ်သည်။"အန်နာ..တို့နဲ့Clubရောက်သွားလို့ပါအမေ.."
အမေသည်မပြောင်းလဲ
ပါးစပ်နားမှာတေ့ထားတဲ့ဆေးလိပ်ကိုခပ်ပြင်းပြင်း
ရူရိူက်ရင်း။"တွဲနေတာလား..အန်နာ..နဲ့..."
"ဟုတ်...လက်ထပ်ဖို့အထိရည်ရွယ်ပါတယ်မေမေ"
မေမေပြုံးသည်။
အောင်နိုင်သူအပြုံးနဲ့
အမေ့အောင်နိုင်ခြင်းကထယ်ယောင်းကျရူံးခြင်းဆိုတာ
တောအဓိပ္ပါယ်ဖွင့်စရာမလို။"သွားနားတော့..."
"ဟုတ်..."
အမေ့ကိုနူတ်ဆက်ပြီးထယ်ယောင်းကိုယ့်အခန်းကိုယ်သာပြန်လာခဲ့သည်။ငါးနှစ်ရှိပြီ။သူမောင်နဲ့ဝေးခဲ့
ရတာ။ထယ်ယောင်းယာဉ်တိုက်မူ ့ဖြစ်သွားပေမဲ့
သိပ်ဆိုးဆိုးရွားရွားကြီးမဟုတ်။ဆေးရုံမှာဆေးကုသ
မူ ့ခံစဉ်တုန်းကလည်းထယ်ယောင်းမောင့်ဆီကိုလာ
ဖို့ခဏခဏကြိုးစားပါတယ်။ဒါပေမဲ့...ထယ်မလုပ်နိုင်ခဲ့ဘူး...နောက်ပြီးအမေတို့ရဲ့
အတင်းအကျပ်ခေါ်ဆောင်မူ ့ကြောင့်ထယ်ဂျာမနီ
ရောက်ခဲ့တယ်။အဲ့နိုင်ငံမှာပဲကျောင်းဆက်တက်ကာ
အဲ့နိုင်ငံမှာပဲအမေ့အလုပ်တွေဝိုင်းလုပ်ရတယ်။