Part...27

8.3K 1K 55
                                    

ကော်ဖီခါးခါးတစ်ခွက်ကိုထယ်ယောင်းမနှစ်မြို့ သော်
လည်းသံပုရာရည်အေးအေးလေးတစ်ခွက်ကတော့
စိတ်လန်းဆန်းကာအမူးအမောပြေစေသည်။
ဝတ်ထားတဲ့လည်ပိတ်အကျီ င်္အဖြူ နဲ့Coatအနက်တစ်
ထည်ကထယ်ယောင်းလိုလူကြီးလူကောင်းအတွက်
မသင့်တော်သော်လည်းခန္ဓာကိုယ်ပေါ်တွင်smart
ကျစွာတည်ရှိသည်။မဝတ်လို့လည်းမဖြစ်..မနေ့ည
ကမောင်အလိုလိုက်ထားခဲ့သည်မဟုတ်ပါလား။
Pp

ယောကျာ်းတစ်ယောက်ဖြစ်သော်လည်းမောင့်အတွက်
ဆိုရင်ယောကျာ်းဆိုတဲ့မာနကိုတောင်ဘေးဖယ်ထား
တတ်သည်။အေးဆေးတည်ငြိမ်ပါတဲ့ဆိုတဲ့ကင်မ်ထယ်
ယောင်းဆိုတဲ့လူမျိုးကမောင်နဲ့တွေ့ရင်ကလေးငယ်
တစ်ယောက်လိုအသွင်းပြောင်းသွားရစမြဲ။အရှက်အ
ကြောက်ကြီးတတ်ပေမဲ့မောင့်ကြောင့်အရှက်ဆိုတာ
ဘယ်နားကောက်ရမှန်းမသိတော့။

မောင့်ကြောင့်
မောင့်အတွက်
မောင့်အရာရာကိုထည့်စဉ်းစားပေးရင်း
သူကမောင်ပိုင်တဲ့အရာလေးဖြစ်လာခဲ့တာ။
အကြောင်းပြချက်တိုင်းရဲ့
အရာရာဟာမောင်..
မောင့်ကြောင့်သာ..
မောင့်အတွက်
မောင်ဖြစ်နေလို့ပင်။

ထယ်ယောင်းနူတ်ခမ်းလေးတွေသည်အချစ်ကြောင့်
မသိမသာလေးလူးလွန့်လူပ်ရှားလျှက်

"ကင်မ်ထယ်ယောင်.."

တံခါးမခေါက်ဘာမခေါက်မျိုးရိုးနာမည်ကအစအပြည့်
ခေါ်လာတဲ့လူအရိုင်းအစို်င်းလေးလီဒုံဝူးကြောင့်
အကြည်ဓာတ်လေးပင်ကြက်ပျောက်ငှက်ပျောက်

"မင်းမိန်းမယူတော့မယ်ဆို..."

"အေးလေ...ဘာဖြစ်လို့လဲ..."

ဒုံဝူးကမထီမဲ့မြင်သူ့အလုပ်စားပွဲပေါ်လက်နှစ်ဖက်
ထောက်ရင်း။

"မင်းနဲ့ဂျောင်ကုရဲ့ကျောင်းတုန်းကပုံတွေအခုထိငါ့
မှာရှိနေတုန်းပဲ...မင်းမိန်းမသာအဲ့ကိစ္စတွေသိသွား
ခဲ့ရင်..."

ဒုံဝူးရဲ့စကားကိုအေးအေးချမ်းချမ်းပြန်ပြုံးပြတဲ့ဒီဇင်ဘာရယ်။

"အန်နာ့ကိုမင်းပြချင်ရင်ပြလေ...ဘာမှထူးလာမှာမဟုတ်ဘူး...ငါဂျာမနီကိုရောက်တုန်းကဂျောင်ကုကိုလွမ်း
တဲ့စိတ်ကြောင့်စိတ်ဓာတ်အကြီးအကျယ်ကျဖူးတယ်..အန်နာကပဲငါ့ကိုဂရုတစ်စိုက်ကုသပေးခဲ့တာ..အဲ့လို
မိန်းကလေးကိုမင်းသွားပြောမယ်ဆိုလည်းသွားပြော
ပေါ့ .."

  Dream(Complete)Where stories live. Discover now