ကျောင်းသွားဖို့စောလွန်းတယ်ဆိုပေမဲ့ဂျောင်ကုအတွက်တော့ချစ်ရသူနဲ့တွေ့ရဖို့ကသာအဓိကမို့စောလွန်းတယ်လို့မထင်လှ။အရင်တုန်းကဆိုကျောင်းသွားလျှင်မနက်စာထမင်းအဝစားပြီးမှသွားသော်လည်းအခုတော့
အမေ့လက်ရာမနက်စာထမင်းဝိုင်းလေးကိုဂျောင်ကု
လက်လွှတ်ခဲ့တာကြာရောပေါ့။အမေမေးရင်တော့"အချိန်ပို..."
လို့သာဖြေမိသည်။တစ်ကယ်လဲသူဘဝရဲ့ပိုတဲ့အချိန်
တွေအကုန်လုံးကိုထယ်ယောင်းကိုပေးပြီးသားမို့ဂျောင်
ကုမှာအားလပ်ချိန်တောင်မရှိတော့။ရှေ့ဆက်လဲဂျောင်ကုဘဝမှာသူအချစ်ဆုံးလူသားနှစ်ယောက်ဖြစ်တဲ့
အမေနဲ့ထယ်ယောင်းအတွက်ကြိုးစားမည်၊ကာကွယ်
စောင့်ရှောက်မည်ဂရုစိုက်ပေးပြီးတစ်ကယ့်ကိုမြတ်မြ
တ်နိုးနိုးချစ်သွားမှာ။မျှော်လင့်ချက်တွေရည်ရွယ်ချက်တွေနဲ့ ..
တလိမ့်လိမ့်..လိမ့်လာတဲ့ဂျောင်ကုစက်ဘီးလေးဟာ
ထယ်ယောင်းရဲ့အိမ်ရှေ့မှာကျွီကနဲရပ်လိုက်ပေမဲ့
ထယ်ယောင်းကစောင့်မနေ၊အဆင့်အတန်းမြင့်လွန်း
တဲ့Branded ကားအနက်တစ်စီးကခြံထဲကနေထွက်
လာကာဂျောင်ကုဘေးနားတွင်ထိုးရပ်သွားသည်။ကားမှန်လျှောကနဲကျသွားသည်နှင့်ဂျောင်ကုမြင်လိုက်
ရသည့်ထယ်ယောင်းမျက်နှာဟာမူန်သူန်လို့...ထယ်ယောင်းဘေနားမှာလည်းခပ်ချောချောမိန်းမကြီးတစ်
ယောက်ကအခန့်သားထိုင်နေသည်။"မေမေ...သား..သားသူငယ်ချင်းနဲ့ လိုက်သွားချင်တယ်"
ထယ်ယောင်းဘေးကအန်တီကြီးကတော့ဂျောင်ကုအား
ကားထဲကနေစူးစမ်းကြည့်ရင်း"မသွားရဘူး...သားလေးကKim Groupရဲ့CEO
ဖြစ်လာမဲ့လူ...သားဘဝအတွက်အကျိုးမဲ့စေမဲ့လူတွေ
နဲ့သားအပေါင်းအသင်းမလုပ်ရဘူး....""အမေ...."
ထယ်ယောင်းအမေ့အားအော်မိလိုက်သည်။
ချမ်းသာတဲ့အသိုင်းအဝိုင်းမှာနေလာခဲ့တဲ့အမေက
မောင့်ရဲ့ရိုးသားဖြူ စင်မူ့ တွေနွေးထွေးမူ့ တွေကို
မမြင်မောင့်ရဲ့အပေါ်ယံအရေးပြားသာသာပဲကြည့်
တတ်ခဲ့တာပဲ။
ထယ်ယောင်းမောင့်ကိုအားနာလွန်းလို့...မောင်က
တော့အခုချိန်ထိထယ်ယောင်းတို့သားအမိကိုပြုံး
ပြုံးလေးကြည့်နေစဲပင်။