"ဒီကား....ဘယ်လိုနေလဲ..."ထယ်ယောင်းကသူ့အနောက်ကပြိုင်ကားအနက်လေးကိုမေးငေါ့ရင်းပြောသည်။
"အင်း...ကောင်းလိုက်တာ...ဒီလိုကားမျိုးကဈေးအရမ်း
ကြီးတာကိုတော့ငါကောင်းကောင်းသိတယ်.."ဟန်ဆောင်သာရီမောရင်းပြောသာပြောလိုက်ရတယ်။
ဒီအဆောင်ဒီအသိုင်းအဝိုင်းကသူနဲ့အဝေးကြီးလိုခံစား
ရသည်။ထယ်ယောင်းသူ့ ကိုအထင်ကြီးလာအောင်
အားကိုးလာရအောင်သူလုပ်နိုင်ပါမည်လား။ထယ်ယောင်းကသူ့ ထက်အစစအရာရာသာပါသည်။"တက်..."
ဒီလောက်ဈေးကြီးပြီးကောင်းတဲ့ကားကိုဂျောင်ကုတစ်ခါမှမစီးဖူးသည်မို့ထယ်ယောင်းကိုအားလည်းနာသလို
ရှိန်လည်းရှိန်နေမိသည်။ထို့ကြောင့်ကားရှေ့မှာသာခေါင်းကုတ်ဖင်ကုတ်ဖြင့်သာရပ်နေမိသည်။ဂုဏ်အရှိန်အဝါ
ကတစ်ခါတစ်လေလူကိုအားငယ်စေပါအံ။"တက်လေကွာ...မင်းကလဲ...ကျောင်းနောက်ကျတော့မယ်"
ထယ်ယောင်းကစိတ်မရှည်တဲ့လေသံနဲ့ပြောလာသော
ကြောင့်ဂျောင်ကုအမြန်ပင်ကားပေါ်တက်ကာထယ်
ယောင်းဘေးနာသို့ဝင်ထိုင်လိုက်သည်။
အရင်ကdriverဦးလေးကြီးအစားထယ်ယောင်းကကားမောင်းသူနေရာဝင်ထိုင်ထားသည်မို့"driverဦးလေးကြီးရော..."
"ဟင့်အင်း...ဒီနေ့ငါမောင်းမှာ..."
မနက်သစ်တစ်ခုကိုပြသနာအသစ်တစ်ခုနဲ့ကြိုဆိုတတ်
တဲ့ထယ်ယောင်းရယ်။အခုလဲကားမောင်းဦးမယ်တဲ့"မင်းအသက်လည်းမပြည့်သေးဘူး...လိုင်စင်လည်း
မရသေးဘူးလေကွာ"ဂျောင်ကုစကားကိုထယ်ယောင်းကမထိတထိရီရင်း
"ငါကမွေးလာကတည်းကကားဖက်ပြီးမွေးလာခဲ့တာ..
ဒီလိုကားမောင်းဖို့ဆိုတာငါ့အတွက်ခဲရာခဲဆစ်မဟုတ်ဘူး... ."ဂျောင်ကုထယ်ယောင်းနဲ့စကားဖက်ပြောမနေတော့
ဒီနေ့ထယ်ယောင်းကြည်ရတာ စိတ်အေ ခြအနေ.
သိပ်ကောင်းပုံမပြ။ဒါကြောင့်ဂျောင်ကုတိတ်တိတ်နေ
ရင်းသာလိုက်ပါခဲ့သည်။"ဒီနေ့ ငါကျောင်းမတက်ဘူး..."
ထယ်ယောင်းရဲ့ကျောင်းမတက်ဘူးဆိုတဲ့စကားကြောင့်
အနည်းငယ်တော့ဂျောင်ကုဒေါသထွက်မိသည်။စာမေး
ပွဲကဒီလထဲကိုး။ဒါကိုကျောင်းမတက်ချင်ဘူးဆိုတော့