Part..12

8.2K 1.1K 40
                                    

အချစ်ဆိုတဲ့အရာကြီးကိုလူသားဆန်စွာထိတွေ့ချင်ပြန်
သည်။အချစ်ကြောင့်ရရှိလာမဲ့နာကျင်မူ့ တွေရောသူ
လူသားဆန်စွာကြောက်ရွံ့ နေပြန်ရော။

လက်တွဲပါ
ခိုဝင်ပါ
ယုံကြည်ပါ
ရင်ဖွင့်ပါလို့

ထပ်တလဲလဲယိုဖိတ်လာတဲ့အကြင်နာတွေကြောင့်
ထယ်ယောင်းဟာအချစ်ကိုကဗျာရွတ်သလိုပင်
ခဏခဏရွတ်ဆိုမိသည်။နှင်းဆီပန်းလေးရဲ့မွှေးရနံ့ လေးလိုပင်ခဏခဏနမ်းရိုက်မိသည်။

အရင်ကထက်ပိုပြီးတတွဲတွဲဖြစ်လာပေမဲ့ယောကျာ်းဆို
တဲ့ဖြစ်တည်မူ့ကြောင့်သူတို့နှစ်ယောက်ကိုဘယ်သူမှ
ဟိုလိုဒီလိုမထင်။ဒီအတိုင်းသာမာန်အချစ်ဆုံးသူငယ်ချင်းတွေလိုသာ။

ရည်စားတွေဘယ်လိုဖြစ်ခဲ့ကြတာလဲ။
ဒီလောက်ကြည့်မရတဲ့သူကဘာလို့ချစ်သူဖြစ်လာရတာလဲ။နောက်ပြီး...ယောကျာ်းဆိုတဲ့ခေါင်းစဉ်အောက်က
လူနှစ်ယောက်။

ဒါတွေထယ်ယောင်းထည့်မတွေးချင်တော့။
သူလည်းဂျောင်ကုကိုမလွန်ဆန်နိုင်တာထက်သူ့
ရင်ဘတ်ကခံစားပြီးသိခွင့်ရတဲ့အချစ်ကိုမလွန်ဆန်
ချင်။

တစ်ခုပဲသူ့အချစ်ဦးကယောကျာ်းတစ်ယောက်ဖြစ်နေ
ခဲ့တယ်ဆိုတာတွေးတောင်မတွေးဖူး။

မောင်...
ဒီစကားကယောကျာ်းတစ်ယောက်အတွက်တခြား
ယောကျာ်းကိုသုံးနူန်းဖို့ ကသိကအောက်နိုင်ပေမဲ့
လည်းဂျောင်ကုစိတ်တိုင်းကျထယ်ယောင်းခေါ်မိသည်။
ထိုသို့ခေါ်တိုင်းလည်းသူချစ်သောမောင်ကပြုံးနေကြ။

မောင့်ကိုထယ်ယောင်းသဘောကျသည်။မောင်ဆိုသော
ဂျောင်ကုဆိုတဲ့လူသားဆီကသူတစ်ခါမှမရဖူးတဲ့ဂရုစိုက်
မူချစ်ခင်ကြင်နာမူ့ ကိုရသည်။မနက်ခင်းမောင့်စက်ဘီး
ပေါ်မှာလိုက်စီးရတာကြိုက်သည်။ညနေကျောင်းဆင်း
ချိန်အိမ်ကကားနဲ့မလိုက်ဘဲမောင့်လက်ဆွဲပြီးကျောင်း
အနောက်ဘက်ကပတ်ပြေးရတာသဘောကျသည်။
မောင်နဲ့အတူတူစီးကရက်တစ်လိပ်ကိုအတူတူဖွာရိုက်
ရတာကြိုက်သည်။မောင်နဲ့အတူတူအရက်အတူတူ
သောက်ရင်းပျော်စရာတွေဖန်တီးရတာကြိုက်သည်။
ကောင်မလေးတွေလည်းမောင်နဲ့အတူတူပြိုင်စရတာ
သဘောကျသည်။မောင်လို့ခေါ်တဲ့ဂျောင်ကုပေးတတ်
တဲ့နင့်နင့်နဲနဲအနမ်းတွေကိုသဘောကျသည်။ညှပ်ရိုး
နဲ့လည်တိုင်ကိုမောင့်အပိုင်လို့သမုတ်ပြီးအမြဲတမ်း
ကိုက်ခဲငုံကါခရမ်းရောင်အမှတ်အသားတွေပေး
တတ်တဲ့မောင့်ကိုချစ်သည်။

  Dream(Complete)Where stories live. Discover now