မနက်မိုးလင်းနေရောင်နုနုနဲ့အတူဂျောင်ကုနိုးလာခဲ့
သည်။သူ့အကျင့်သူ့ထုံးစံကမနက်မိုးလင်ရင်workout
လုပ်တတ်သည်.။အကြိမ်တစ်ဆယ်မကသောဒိုက်ထိုးဘားခိုလေ့ကျင့်ခန်းတို့လုပ်ပြီးနောက်သူ့ခန္ဓာကိုယ်အနှံ့အပြားမှာချွေးတွေတဒီးဒီးကျလျှက်။ ချွေးစိုနေတဲ့ဆံစတို့ကိုသပ်တင်ရင်းရေချိုးခန်းကိုသာဦးတည်လာခဲ့သည်...ခန္ဓာကိုယ်ကရေမူန်ရေမွှားတွေနဲ့ထိတွေ့ ချိန်တစ်ကိုယ်လုံးအေးမြမူ့နဲ့အတူဂျောင်ကုမျက်ဝန်းတွေမှိတ်ထားလိုက်သည်...ကြံခိုင်တောင့်တင်းဖြူ ဖွေးသောသူ့ခန္ဓာကိုယ်မှာရေသီးရေစက်တွေကတွဲခိုလို့၊ဂျောင်ကုမျက်ဝန်းတွေကိုအနားပေးထားပေမဲ့ဦးနှောက်ကိုတော့အနားမပေးနိုင်။ဟိုတစ်နေ့တုန်းကသူနမ်းခဲ့တဲ့နှင်းဆီပါးပြင်..နီထွေး
နေတဲ့ပန်းဝတ်လွှာကိုနမ်းရိုက်လိုက်ရသလို၊စွာတာ
တာအဆူးများတဲ့နှင်းဆီကသူ့အိမ်မက်ဖြစ်လာလိမ့်
မယ်ထင်မထားခဲ့...မျက်နှာချင်းဆိုင်ရေချိုးခန်းမှန်ပေါ်
မှာပေါ်လာတဲ့ဗလာကျင်းသူ့ပုံရိပ်ကပြီးပြည့်စုံတဲ့ယော
ကျာ်းတစ်ယောက်ပင်..ရင်ခုန်ပါလားယွန်းဂျင်းမီတို့လို
လှတပတမိန်းကလေးတွေကိုအခုကျတော့ဆူးရုံ
ထဲမှနှင်းဆီကိုမှ။ဂျောင်ကုသက်ပြင်းမောကြီးချရင်း
ရေချိုးကာကျောင်းအဝတ်အစားလဲပြီးထွက်လာခဲ့သည်..မနက်စာအစာပြေထမင်းမစားခဲ့ပဲအမေပြင်ပေးတဲ့
ထမင်းဘူးလေးယူရင်းထွက်လာခဲ့သည်။ထယ်ယောင်းအဖေသူဌေးကင်မ်က
"မင်းကျောင်းမသွားခင်ဝင်ခဲ့..."
ဆိုပြီးမှာထားတာကြောင့်ထယ်ယောင်းအိမ်အရင်ဝင်
ရသေးသည်။တစ်ခေါ်သာသာရှိတဲ့ခြံကြီးကိုဖြတ်
ပြီးမှအိမ်ကြီးရှေ့ရောက်သည်။ထိုအိမ်ကြီးရှေ့မှာတော့
အနက်ရောင်မာစီဒီးကားကိုခပ်လျှောလျှောမှီရင်း
phသုံးနေတဲ့ထယ်ယောင်း၊ခြေသံကြားလို့လှမ်းကြည့်
လိုက်ပေမဲ့လည်းပြုံးခြင်းရယ်ခြင်းမရှိတဲ့ဂျောင်ကု
မျက်နှာသာလှမ်းတွေ့လိုက်သည်။ဂျောင်ကုကလည်း
အိမ်ထဲဝင်သွားသလိုထယ်ယောင်းကလည်းသုံးလက်
စPhကိုသာကားမှီရင်းဆက်သုံးနေလိုက်သည်။သို့
သော်စိတ်တော့သိပ်မပါတော့..ဂျောင်ကုဒီအိမ်ကို
ရောက်လာတာသွေးရိုးသားရိုးမဟုတ်။အဖေကဒီကောင့်လက်ထဲကိုသူ့ကိုဝကွက်အပ်လိုက်ခြင်းသာ၊ဘယ်
တုန်းကမှအဖေ့ကထယ်ယောင်းနူတ်ကနေထွက်လာ
မဲ့ YES OR NO အဖြေကိုစောင့်ဖူးလို့ လဲ။အခုလဲ
ဒီအတိုင်းပင်ထယ်ယောင်းကိုစောင့်ရှောက်ဖို့ငွေပေးခို်င်း
ခြင်းတစ်မျိုးသာ