ဆောင်းမနက်ခင်းသည်ငွေရည်ငွေနှင်းတို့ဖြင့်အေးချမ်း
လျှက်၊ပြက္ခဒိန်ပေါ်ကအနီရောင်ရက်စွဲလေးကဖေဖေါ်
ဝါရီလရဲ့နောက်ဆုံးအမှတ်အသား။ဆောင်းကိုနူတ်
ဆက်ရတော့မည်လေ။နူတ်ဆက်ပြီးတာနဲ့နွေးဦးကို
ရောက်တော့မည်။နွေဦးရဲ့ပုံရိပ်တွေနဲ့အတူသူ့ရင်ထဲ
အဖျားခတ်ဝင်လာတဲ့နွေးထွေးမူ့လေးတစ်စွန်းတစ်စ။"မောင်....."
သူ့ခါးတွေကိုသန်မာစွာရစ်တွယ်လာတဲ့မောင်
"တစ်ယောက်ထည်းအပြင်မှာဘာရပ်လုပ်နေတာ
လဲ...ဒီလောက်အေးနေတာကို..."မနက်ခင်းလေးမှာဝရံတာထွက်ပြီးအငွေ့တစ်ထောင်း
ထောင်းထနေတဲ့ရေနွေးကိုလက်ဖက်စိမ်းလေးနှပ်ပြီး
သောက်နေတဲ့ထယ်ယောင်းရယ်။အတန်ကြာတဲ့အထိ
အပြင်ပတ်ဝန်းကျင်ကိုတမေ့တမောကြီးငေးမောနေတဲ့
ထယ်ယောင်းကြောင့်ဂျောင်ကုစိုးရိမ်စိတ်လေးဝင်
သွားသည်။အဆင်များပြေပါ့မလားပေါ့။နောက်ပြီးဒီ
နေ့ကထယ်ယောင်းကိုCEOရာထူးလွှဲပေးပြီးရှယ်ယာ
တွင်ကြားCompanyဆက်ခံသူအဖြစ်ကြော်ငြ ာမည်
လေ။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်တဲ့စီးပွား
ရေးသမားအမွေဆက်ခံသူတစ်ယောက်အနေနဲ့ထယ်
ယောင်းထမ်းပိုးထားရတဲ့အထုပ်အပိုးတွေကများ
လွန်းလှသည်ဟုဂျောင်ကုထင်မိသည်...ဂျောင်ကုအနောက်ကနေပွေ့ဖက်ထားချိျ်န်တစ်လျှောက်
လုံးထယ်ယောင်းကသူ့ကိုမှီကာမျက်ဝန်းတွေမှိတ်
ချထားသည်။ခဏလောက်အနားယူနေသည့်သဘော"မောင်...ဒီနေ့ငါပြန်လာခဲ့မယ်...စောင့်နေနော်..
တိုက်ခန်းလေးမှာပဲ.."တိုးညှင်းစွာထွက်လာတဲ့ထယ်ယောင်းစကားသံ။
ဂျောင်ကုထယ်ယောင်းရဲ့ပွယောင်းနေတဲ့ဆံစလေးတွေ
ကိုလက်နဲ့ထိုးဖွရင်းမြတ်နိုးမဝစွာငုံကြည့်သည်။နေရောင်ဖျဖျထယ်ယောင်းမျက်နှာလေးကညိူ းငယ်
နွမ်းရော့စွာ။ဂျောင်ကုမမြင်နိုင်တဲ့ကြေကွဲခြင်းတွေဖုံးထာ
သယောင်။"ထယ်...အဲ့စကားကိုထယ်လွန်ခဲ့တဲ့ငါးနှစ်ကမောင့်ကို
ပြောခဲ့တယ်။ဒါပေမဲ့ထယ်ပြန်မလာခဲ့ဘူး..ဒီတစ်ခါ
ထပ်ပြောတဲ့ဒီမှာပဲစောင့်နေဆိုတဲ့စကားကိုမောင်ဘယ်လိုယုံကြည်ရမလဲ...ရင်ဆိုင်ရမယ်ဆိုရင်တောင်
မောင်နဲ့တူတူပေါ့..."