Episode (2)Unicode

35.3K 3.4K 126
                                    

လူတိုင်းလူတိုင်းမှာ စိတ်နဲ့ပတ်သတ်တဲ့ရောဂါ တစ်ခုစီ ရှိကြသည်။
ထိုရောဂါများသည် ထင်ပေါ်ခြင်းနှင့်ငုပ်လျှိုးခြင်း အဆင့်ကွဲပြားခြားနားရုံသာဖြစ်သည်။

Dandelionတွေက စိတ်ပိုင်းဆိုင်ရာ ကုသမှုရဲ့သင်္ကေတတဲ့...
Dandelionလေးက ကျွန်တော့်ရဲ့ စိတ်ရောဂါကို ကုသဖို့များရောက်လာလေသလား။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

ဆုပေးပွဲနေ့ကဖြစ်ရပ်ကို သူတို့သုံးယောက်လုံးမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
မျက်စိလည်လမ်းမှားတဲ့ကောင်လေးတစ်ယောက်လို့ပဲ မှတ်ယူလိုက်ကြသည်။
ထိုကောင်လေးက မျက်စိလည်လမ်းမှားလာတာမဟုတ်ဘဲ သူရှိရာကိုတည့်တည့်မတ်မတ်ရောက်လာမယ်မှန်း ဘယ်သူကထင်ထားမှာလဲ။

"အဂ္ဂါနဲ့ မိုးညို မင်းတို့နှစ်ယောက်ကို ဆရာမကြီးခေါ်နေတယ်"

Canteenမှာ ထမင်းစားနေရင်းနဲ့ အတန်းခေါင်းဆောင်က သူတို့ရှိရာဝိုင်းကို လာပြောတာကြောင့် သုံးယောက်သား အူလည်လည် ကြည့်မိလိုက်ကြသည်။အတန်းခေါင်းဆောင်က သူပြောစရာရှိတာပြောပြီးသည်နှင့် ထွက်သွားလေသည်။
"မင်းတို့ နှစ်ကောင် ငါမသိအောင် ဘာလုပ်ထားသေးလဲ"

သံသယလေသံနဲ့ကောင်းယံက သူတို့နှစ်ယောက်ကို မှုန်ပေပေကြည့်သည်။

"ငါတို့တစ်ယောက်ယောက်နဲ့များရန်ဖြစ်ထားသေးလား ငမိုး!"

မိုးညိုက အဂ္ဂါကို စိတ်ပျက်သလိုကြည့်ကာ
"ရန်ဖြစ်လား ရန်မဖြစ်လား ကိုယ့်ကိုယ်တောင်မသိတော့ဘူးလား!"

"ကြောင်တောင်တောင်နဲ့ကွာ! မြန်မြန်စားကြ ခဏနေ ဆရာမကြီး အတန်းထဲထိရောက်လာရင် အသံပိုဆူသွားမယ်"

ကောင်းယံက ပြောစရာရှိတာပြောပြီး သူ့ဝသီအတိုင်း ထမင်းကိုပြန်ငုံ့စားနေလေသည်။

အဂ္ဂါနဲ့မိုးညို ရုံးခန်းကို တက်လာတော့ အချိန်က နေ့လည်ခင်း ကျောင်းပြန်တက်ဖို့ ၁၅ မိနစ်လောက်သာလိုသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးဆွေက သူတို့ဝင်လာတာကို မျက်မှန်ပေါ်ကနေ တချက်စိုက်ကြည့်သည်။

TARAXACUMWhere stories live. Discover now