Episode (16)-Uni

17.3K 1.9K 137
                                    

Dandelion တွေကို ချစ်ရေးဆိုမယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Dandelion တွေကို ချစ်ရေးဆိုမယ်...
ထွက်မပြေးကြေး...

သို့သော် ထွက်မပြေးလျှင် အဘယ်နည်းနဲ့ ပြန်လည်ရှင်သန်ရမလဲ?

လွင့်မျောရင်း ကျရာနေရာ ကုတ်တွယ်အသက်ရှင်ရသူမို့ ကိုယ့်ရင်ခွင်ကို မြေဆီလွှာအဖြစ်နေရာချရှင်သန်ပါ။

🌱🍃🍃🍃🍃🍃🍃🍃🍃🌱

တိုက်ခန်းက ငြိမ်သက်နေသည်။စုစုပေါင်းလူက သုံးယောက်သာရှိသည်။ ကေသီ(Kaythi) ရယ်၊
သူ့ရည်းစားရယ်... Taraxacum ရယ်...

Taraxacum သည် သူ့အတွက်ပြင်ပေးထားတဲ့အခန်းငယ်ထဲသို့ ပစ္စည်းပစ္စယများထားပြီးနောက် အခန်းပြင်ဘက်က အရိပ်အခြည်ကို အနည်းငယ်သုံးသပ်မိသည်။

Kaythi ရဲ့ လက်ကောင်ဝတ်ကအညိုအမဲတွေ ...
မိတ်ကပ်နဲ့ဖုံးထားတဲ့ ယောင်နေတဲ့မျက်နှာ...
ဒါက Kaythi ရည်းစားရဲ့လက်ချက်တွေမှန်းနာမည်တပ်ပြောစရာမလိုအောင်ပင်။

သူမြန်မာပြည်ကိုပြန်လိုက်လာတုန်းက Kaythi က တိုက်ခန်းတွင်တစ်ယောက်ထဲပင်။ Marco ကိုယ်တိုင်ကလည်း တိုက်ခန်း ကို လိုက်ကြည့်ပြီး လိုအပ်တာ ဖြည့်ပေးသည်။ ကွာရှင်းပြီးသွားပြီဆိုပေမဲ့ သားဖြစ်သူနေရမည့် နေရာဟူသော စိတ်ဖြင့် Marco က လိုလေသေးမရှိအောင် ပြုလုပ်ပေးသွားသည်။ မိမိ အတွက်လည်း
ATM ကဒ် တစ်ခုထားခဲ့ပေးသည်။သို့သော် Kaythi၏နာမည်နဲ့ပင်။password ကတော့ မိမိ၏ မွေးနေ့ပင်။

Kaythiမှာ နောက်ထပ်ရည်းစားရှိမှန်း အရင်တစ်ခေါက် စနေတနင်္ဂနွေကျောင်းပိတ်ရက်ကမှသိခဲ့ခြင်းပင်။Kaythi က ရုံးတစ်ခုတွင် စာရေးမ အလုပ်လုပ် နေတာ သုံးနှစ်လောက်ရှိပြီဖြစ်သည်။သူ့ရည်းစားကတော့ ဘာလုပ်မှန်း Taraxacumလည်းမသိပါ။မေးလည်းမမေးမိ။ ယုတ်စွအဆုံး နာမည်ကိုတောင်မသိ။
Kaythi က သူ့ရည်းစားကို 'အကို!' တခါတလေ 'ရှင်'..အဲ့လိုမျိုးပဲခေါ်လေ့ရှိတာကြောင့်လည်းဖြစ်မည်။

TARAXACUMWhere stories live. Discover now