Episode (28)Zaw

6.9K 410 7
                                        

ပန်းနတ်သမီးက Dandelion တွေကိုမေးတယ်...ဘယ်အရပ်မှာရှင်သန်ပေါက်ဖွားချင်သလဲတဲ့...

Dandelion တွေကဖြေတယ်...
ကလေးလေးတွေရှာတွေနိုင်တဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပျော်ပါတယ်တဲ့...

ကျွန်တော့်ရဲ့ Dandelion လေးကတော့ဒီလိုဖြေတယ်...
"Ed ရှိတဲ့အရပ် ဘယ်နေရာမှာမဆို ပျော်ပါတယ်"တဲ့..
🍃🍃🍃🍃

အချစ်နဲ့တွေ့ရင် လူတွေတိုင်းက ဆယ်ကျော်သက်တဲ့...
သူတို့က ဆယ်ကျော်သက်အရွယ်မှာရူးရူးမူးမူးချစ်ခဲ့တာလေ...

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးလာသည်။ဖေဖဝါရီလအစတွင် မူလတန်း၊အလယ်တန်းနှင့် အထက်တန်းဖြစ်သည့် ကိုးတန်းတွေစာမေးပွဲကာလစပြီဖြစ်သည်။ဆယ်တန်းတွေကတော့သုံးလပိုင်းမှသီးသန့်ဖြေကြမည်ပင်။

ဆောင်းရာသီမှာ တိုက်တဲ့လေကတောင်ချမ်းစိမ့်စိမ့်။မနက်ခင်းစောစောထပြီး စာကျက်ရတာလောက် မုန်းစရာကောင်းတဲ့အရာမရှိပေ။
သို့ပေသည့်တိုင် တာဝန်အရတော့ လုပ်နေကြရတာပဲလေ။

ပွဲလမ်းသဘင်တွေမရှိတော့တာကြောင့် ကျောင်းသားတွေသည် အားလပ်ချိန်မှာ ခေတ္တခဏ ဟေးလားဝါးလားလုပ်တာကလွဲလျှင် ကျန်သည့်အချိန်များ၌ စာမှစာပင်။

အဂ္ဂါကတော့ ဒီအချိန်တွင် ဘုရင်တဆူအလားပင်။အိမ်ကလူများကလည်း စာမေးပွဲတွင်သေချာအာရုံစိုက်နိုင်ဖို့ မြူစွမ်များတိုက်ကြသည်။

အောင်ရင်ပြီးရော။ လိုချင်တာ ဝယ်ပေးမယ်တဲ့လေ။

အဂ္ဂါတို့မိသားစုသည် ပွဲရုံလုပ်ငန်းတွေပိုင်ထားတာမို့ အဂ္ဂါ၏အနာဂတ်လမ်းကြောင်းသည် ရိုးရှင်းလှသည်။အိမ်ကအစ်မဖြစ်သူက ပညာရေးလမ်းကြောင်းပေါ်ရောက်သွားပေမဲ့ သူကတော့ ရေရေရာရာ ပန်းတိုင်မရှိချေ။ တစ်နေ့ကြလျှင် ဘာကြီး ဖြစ်လာရမယ် ဟူ၍တွေးထားခြင်းမရှိပေ။တစ်နေ့နေ့ကြရင် တစ်ခုခုတော့ ဖြစ်သွားမှာပဲလေ ဟုတွေးထားလေသည်။ထို့ကြောင့် ဆွေးမျိုးနီးစပ်များက အဂ္ဂါကို ပေါ့ပျက်ပျက်ကောင်ဟု ပြောတတ်သည်။ထူးပြီးလည်း မနာတတ်ပါ။သူကိုယ်တိုင်ကိုက လမ်းပျောက်နေသည်။ အစကနဦးက Taraxacum မွေးနေ့တွင် သီချင်းဆိုပြဖို့ Ukulele တောင်သယ်လာပေမဲ့ ကီးကြောင်နေသည့် အခြေအနေကြောင့် လက်လျော့လိုက်ရသည်။ တစ်နေ့နေ့တော့ တူရိယာတစ်ခုကိုကောင်းကောင်းတီးတတ်ပြီး သူလည်း Taraxacum ကို သီချင်းဆိုပြနိုင်မယ်ထင်ပါသည်။

TARAXACUMWhere stories live. Discover now