Intro

6.9K 297 16
                                    


      ကျွန်မနာမည်က မေယင်းခ ဒီနေ့ကျွန်မနဲ့မောင် ချစ်သူသက်တန်း ၈နှစ်ပြည့်တဲ့နေ့လေ
သူ့တိုက်ခန်းမှာကျွန်မကို ညစာစားဖို့ဖိတ်ထားတယ်😍😍
မောင်နဲ့မေယင်း ညစာစားပြီးတော့ မောင်ကပြောတယ် ကြယ်တွေကြည့်ရအောင် အပေါ်ဆုံးထက်ကိုသွားရအောင်တဲ့

"ဒီနေ့ကောင်းကင်မှာ ကြယ်တွေအပြည့်ပဲ လှလိုက်တာနော်မောင်"
"အင်း မောင်ချစ်ကိုပြောစရာရှိတယ်"
"ပြောလေမောင်"

*ငါ့ကိုလက်ထက်ခွင့်တောင်းမှာလားမသိဘူး ဟိဟိ*

"ချစ်ရဲ့သူငယ်ချင်း သံစဉ်ကလည်းပြောစရာရှိတယ်တဲ့ အာ့ကြောင့်မောင်သူ့ကိုခေါ်ထားတယ် အဆင်ပြေတယ်မလား"
"ပြေပါတယ်မောင်ရဲ့ သံစဉ်ကဘာပြောချင်တာလည်းမသိဘူးနော်"
"ငါပြောချင်တာကနည်းနည်းလေးပါပဲ ဟင်းဟင်း"
"သံစဉ်ရယ်လန့်လိုက်တာ ကမအသံမပေးဘာမပေးနဲ့😁 ပြောလေဘာပြောမှာလဲ"
"ငါ့မှာသုတရဲ့ ကလေးရှိနေပြီ နှစ်လတဲ့"
"ဟင် သုတဟုတ်လား မောင့်ကိုပြောတာလား မောင်ဟုတ်လားလို့"
"ဟုတ်တယ် ပြီးတော့ငါနဲ့သံစဉ်နဲ့က တွဲနေတာ၉နှစ်ရှိပြီ သူ့မိဘတွေသိသွားမှာစိုးလို့ မင်းနဲ့တွဲခဲ့တာ ဘာပဲဖြစ်ဖြစ်ငါနဲ့တွဲနေတုန်းမှာမင်းလည်းပျော်ခဲ့တယ်လေ ဟုတ်တယ်မလား"

ဖြန်း (ပါးရိုက်လိုက်တာပါ😏)

"ငါနင်တို့ကို ဘာများလုပ်ခဲ့လို့ ငါ့ကိုဒီလိုလုပ်ရတာလဲ ငါ့ကိုပြောကြပါအုန်း 😭😭😭😭"
"အဲ့ဒါက ရိုးရိုးလေးပါပဲ နင့်ကိုငါမနာလိုလို့"
"ငါ့ကိုမနာလိုစရာဘာရှိလို့လဲ သံစဉ်ပြောပါအုန်း"
"ပြောရမှာပေါ့ ငါ့ကြိုက်တဲ့ကိုမျိုး ကလည်းနင်ကိုကြိုက်နေတယ် ငါ့မိဘတွေတောင်မှနင့်ကိုပိုချစ်ကြတယ် အာ့ကြောင့်ပဲနင့်ကို တစ်နေ့တစ်ခြားပိုပိုပြီးသတ်ချင်လာတာ"
"‌လုပ်ရက်လိုက်တာသံစဉ်ရယ် ငါကတော့နင့်ကိုငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းလို့မှတ်ယူထားတာကို လုပ်ရက်လိုက်တာ"
"ငါပြောချင်တာအားလုံးကုန်ပြီ အဲ့တော့နင်သေလို့ရပြီ နင်သေရင်အားလုံးကငါ့ကိုအချစ်ဆုံးဖြစ်သွားကြမှာ ဟားဟဟ😁😁😁"
"ငါကျိန်ဆိုတယ် နင်တို့ရဲ့ကလေးကမွေးလာရင် အားလုံးရဲ့အမုန်းကိုခံရပါစေလို့"
"မင်းဘာစောက်စကားတွေ ပြောနေတာလည်းပါးစပ်ပိတ်ထား သေလိုက်တော့အဲ့မှာ"
သူမေယင်းကို တိုက်ပေါ်ကတွန်းချလိုက်ကြတယ်

Luminous SystemWhere stories live. Discover now