ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၁)
ဇာတ်စင်ပေါ်တွင် သီချင်းနှင့်အတူ စည်းချက်ညီစွာကနေသော ဇာတ်မင်းသားတစ်ဖြစ်လည်း အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရန်ပြေငြိမ်းကို လက်ျာတစ်ယောက် အနည်းငယ်ဟနေသော လိုက်ကာအနောက်မှ အခြားလူရွှင်တော်နှစ်ဦးနှင့်အတူ မတ်တပ်ရပ်ကာ ငေးနေမိသည် ။ စိတ်ထဲမှလဲ
" ကြည့်ကောင်းလိုက်တာ "
ဟု မှတ်ချက်ချလိုက်သည် ။ လက်ျာ ငေးနေစဉ်မှာပင် ရန်ပြေအေးက က၍ပြီးသွားသည် ။ လူရွှင်တော်များက လက်ျာကို
" လာ မင်းသား ... သွားရအောင် "
ဟု ခေါ်သဖြင့် လက်ျာ လူရွှင်တော်များနှင့်အတူ ရန်ပြေငြိမ်းဘေးတွင် ရပ်လိုက်သည် ။ ရန်ပြေငြိမ်း က လက်ျာကိုကြည့်ပြီး လူရွှင်တော်များအား
" အစ်ကိုတို့ရေ "
ဟု ချိုသာစွာခေါ်သည် ။ လူရွှင်တော်နှစ်ဦးကလည်း
" ဗျာ ဗျ .... မင်းသားလေးရဲ့ "
ဟု ပြန်ထူးကြသည် ။ ထိုအခါ ရန်ပြေငြိမ်း က
" ကျွန်တော်ကတာဘယ်လိုနေလဲ အစ်ကိုတို့ရဲ့ "
ဟု ထပ်မေးသည် ။ ရန်ပြေငြိမ်း၏မေးခွန်းကို လူရွှင်တော်နှစ်ဦးက
" သိပ်လှတာပဲ မင်းသားလေးရယ် "
ဟု ချီးကျူးစကားပြောကြသည် ။ လူရွှင်တော်နှစ်ဦး၏ စကားအဆုံးတွင် ရန်ပြေငြိမ်း က
" ဒါဆို ... ပိုလှသွားအောင် ကျွန်တော်တို့ရဲ့ညီငယ်လေးနဲ့အတူကကြည့်ရမလားဗျာ "
ဟု မေးသည် ။ လူရွှင်တော်များက
" သိပ်ကောင်းတာပေါ့ မင်းသားရဲ့ "
ဟု ပြောသဖြင့် လက်ျာ ရန်ပြေငြိမ်းနင့်အတူကရန် ပြင်လိုက်သည် ။
" မင်းဘယ်လိုလုပ်လိုက်တယ်ဆိုတာကို မင်းသိရောသိရဲ့လား "
လက်ျာ မိမိကိုစိတ်ဆိုးကာ အခန်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ရန်ပြေငြိမ်းကို မော်မကြည့်ရဲပဲ ခေါင်းငုံ့ထားမိသည် ။ ခေါင်းငုံ့ထားသော်လည်း
YOU ARE READING
ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖနျအိပျမကျ (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။