ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၃၀)
" သားငယ် .... ဘယ်လိုနေသေးလဲ .... သန်းလင်းက သားသတိရပြီလို့ဖုန်းဆက်တာနဲ့ ဖေဖေထွက်လာတာ "
စိုးရိမ်နေသော ဖေဖေ့လက်ကို လက်ျာ ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး
" ဖေဖေ့သားငယ်က ဘယ်သူ့သားမို့လို့လဲ ဖေဖေရ ... သက်သာနေပြီမို့လို့ စိတ်မပူလို့ရပါပြီ "
ဟု ပြန်ဖြေလိုက်သည် ။ ထိုအခါ ဖေဖေက
" ငါးရက်တောင်သတိလစ်နေတဲ့လူကို စိတ်မပူလို့ဖြစ်မလား ကောင်စုတ်လေးရဲ့ "
ဟု ပြောသည် ။ ထို့ကြောင့် လက်ျာ ရယ်လိုက်ပြီး
" ဟိုရက်ပိုင်းက အလုပ်ပိသွားလို့ နည်းနည်းပင်ပန်းသွားတာပါဖေဖေရ .... အခုသက်သာလို့ မနက်ဖြန်တောင်ဆေးရုံကဆင်းလို့ရနေပြီ "
ဟု ပြောလိုက်သည် ။ လက်ျာ၏စကားအဆုံးတွင် ဖေဖေက
" အဲ့ဒီလိုဆိုတော်သေးတာပေါ့ .... အခုရော ထမင်းတွေဘာတွေစားပြီးပြီလား "
ဟု မေးသည် ။ လက်ျာ ဖေဖေ့ကို
" စားပြီးလို့ ဆေးတောင်သောက်ပြီးပြီဖေဖေရ "
ဟု ပြန်ဖြေရင်း
" ဒါနဲ့ .... ဖေဖေကျွန်တော့်ဆီ အလောတကြီးထွက်လာတာဆိုတော့ နေ့လည်စာရောစာပြီးရဲ့လား "
ဟူ၍ မေးလိုက်သည် ။ ဖေဖေက ပြန်မဖြေပဲ ရယ်ကြဲကြဲလုပ်နေသဖြင့်
" တွေ့လား .... ဖေဖေကကျွန်တော့်ကိုကျစိတ်ပူနေပြီး ကိုယ့်ကိုယ်ကိုယ်ကျ ဂရုမစိုက်ဘူး "
ဟု ပြောလိုက်သည် ။ ဆက်၍
" ဘာမှမစားပဲနဲ့တော့မနေနဲ့လေ .... သန်းထွန်းကိုခေါ်ပြီး တစ်ခုခုသွားစားလိုက်ပါလား .... ဒီအနီးအနားမှာစားသောက်ဆိုင်တွေတော့ရှိတယ် "
ဟု ပြောလိုက်သည် ။ လက်ျာ၏စကားအဆုံးတွင် ဖေဖေက
" အေးပါ ... သွားစားလိုက်မှာမို့လို့ နားနေ "
ဟု ပြောသည် ။ ဖေဖေ့ကို
" ဟုတ် "
ဟု အဖြေပြန်ပေးပြီးသောအခါမှ သန်းလင်းကိုသတိရသွားကာ ဖေဖေ့အား
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။