ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၇)
လက်ျာ သိစိတ်က ရန်ပြေငြိမ်းကိုရှောင်နေသော်လည်း မသိစိတ်က စိတ်ပူနေမိပြန်သည် ။
" ကျစ် ... လက်ျာ မင်းရူးနေတာလား .... အစ်ကို့ကိုစိတ်ကောက်နေရအောင် အစ်ကိုကမင်းချစ်သူမို့လို့လား "
မိမိကိုယ်ကိုယ် ထိုကဲ့သို့တရားချကာ အခန်းထဲတွင် အမြဲတစေဆောင်ထားလေ့ရှိသော လိမ်းဆေးဘူးကိုယူ၍ ရန်ပြေငြိမ်းထံ ထွက်လာခဲ့လိုက်သည် ။
ရန်ပြေငြိမ်းရှိသည့် တစ်ဖက်အိမ်သို့ရောက်သောအခါ ရန်ပြေငြိမ်းက ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေသည် ။ ထို့ကြောင့်
" အစ်ကို "
ဟု ခေါ်ကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။ ရန်ပြေငြိမ်းရှိရာဆီသို့ လျှောက်သွားရင်း
" ခြေထောက်ကသက်သာလား အစ်ကို .... ကျွန်တော်ဆေးယူလာတယ် "
ဟူ၍လည်း ပြောလိုက်သည် ။ ရန်ပြေငြိမ်းက လက်ျာ၏မေးခွန်းကို ခေါင်းညိတ်အဖြေပေးပြီး
" ရောက်လာတာအတော်ပဲ .... မင်းကိုပေးစရာရှိတယ် "
ဟု ပြောသည် ။
🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻
လက်ျာ ရန်ပြေငြိမ်းဘေးတွင်ဝင်ထိုင်ရင်း
" နာနေတာဘယ်ခြေထောက်လဲ ..... ဘယ်လား ညာလား "
ဟု မေးလိုက်သည် ။ လက်ျာ၏မေးခွန်းကိုကြားသောအခါ ရန်ပြေငြိမ်းက
" ဘာလုပ်မလို့လဲ .... ဆေးလိမ်းမလို့လား .... မလုပ်နဲ့ ... ငါ့ဘာသာလုပ်လိုက်မယ် "
ဟု အထိတ်တလန့်တားသည် ။
သို့သော် ...
လက်ျာ ဂရုမစိုက်ပဲ အနည်းငယ်ယောင်နေသော ဘယ်ဘက်ခြေထောက်ကိုကြည့်လိုက်ပြီး
" ဘယ်ထင်တယ် "
ဟု ပြောကာ ဆေးဘူးကိုစောင်း၍ လက်ထဲသို့ ဆေးရည်အနည်းငယ်လောင်းထည့်လိုက်သည် ။ ပြီးမှ ယောင်နေသော ရန်ပြေငြိမ်း၏ ခြေထောက်ကိုယူကာ လိမ်းပေးလိုက်သည် ။ ခြေထောက်ကို ထိရုံသာထိရသေးသည် ရန်ပြေငြိမ်းက
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။