၃၄ (Z)

60 1 0
                                    

ကံကြမ္မာ ဖန်အိပ်မက် ...

အခန်း(၃၄)

မတွေ့ဖြစ်သည့် နှစ်ပတ်အတွင်း လက်ျာ မည်မျှနေမကောင်းဖြစ်သွားသည်မသိ ယခင်တစ်ခါလာစဉ်က ရှိနေဆဲဖြစ်သော လက်ျာ၏ ပါးဖောင်းဖောင်းများသည် ယခုအခါမရှိတော့ပဲ မျက်နှာက သွယ်ကျသွားသည် ။ လက်ျာကို ထိုကဲ့သို့အနေအထားဖြင့် တွေ့ရသောကြောင့် ရန်ပြေငြိမ်း စိတ်မကောင်း ။ ထို့ကြောင့် လက်ျာအား

" အရမ်းနေမကောင်းဖြစ်ခဲ့တာလား .... တအားပိန်သွားတယ် ..... ပါးဖောင်းဖောင်းလေးတွေတောင်မရှိတော့ဘူး "

ဟု ပြောလိုက်သည် ။ ရန်ပြေငြိမ်း၏စကားကိုကြားသောအခါ လက်ျာက ပါးနှစ်ဖက်ကို လက်ဖြင့်ကိုင်ကြည့်ပြီး

" ဟုတ်လား "

ဟု မေးသည် ။ လက်ျာ၏မေးခွန်းကို ရန်ပြေငြိမ်း

" အင်း "

ဟု ပြန်ဖြေပြီး ယခုအချိန်အထိ မကုန်သေးသော စွတ်ပြုတ်ပန်းကန်ကို ယူလိုက်ကာ

" များများစား ... အဲ့ဒါမှ အရင်လိုပါးဖောင်းလေးပြန်ဖြစ်မှာ "

ဟူ၍ ပြောလိုက်သည် ။ ထို့နောက်

" ခွံ့ကျွေးမယ် ... ပါးစပ်ဟ "

ဟု ပြောကာ စွတ်ပြုတ်တစ်ဇွန်းကို ခပ်လိုက်သည် ။

🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄

" ဒါဆို .... ကျွန်တော်အိပ်နေတာကို အစ်ကိုအကြာကြီးစောင့်လိုက်ရတာပေါ့ .... ပျင်းနေမှာပဲ .... အားနာလိုက်တာ "

ဟု အားနာစွာ ပြောလာသော လက်ျာ၏စကားကိုနားထောင်ပြီး ရန်ပြေငြိမ်း ပြုံးလိုက်သည် ။ ထို့နောက်

" မပျင်းပါဘူး ..... အပြင်ထွက်ပြီး မင်းအဖေရယ် အဖိုးတို့ရယ်နဲ့စကားပြောနေသေးတယ် "

ဟု ပြောလိုက်သည် ။ ရန်ပြေငြိမ်း၏ ထိုစကားကိုကြားသောအခါမှ လက်ျာက စိတ်အေးသွားဟန်ဖြင့်

" အဲ့ဒီလိုဆိုတော်သေးတယ် "

ဟု ပြောသည် ။ ဆက်၍

" ဒါနဲ့ ..... ဗိုက်ဆာပြီလား .... ခြောက်နာရီတောင်ထိုးတော့မယ် ..... မပြန်ခင်ထမင်းစားသွားလေ "

ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖန်အိပ်မက် (17)Where stories live. Discover now