ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၅)
ရန်ပြေငြိမ်း မီးဖိုချောင်ထဲတွင် ဒေါ်ခင်သက်ကိုကူပြီးသောအခါ နေ့လည်ထမင်းစားချိန်ပင်ရောက်နေပြီဖြစ်သည် ။ ဒေါ်ခင်သက်က ဟင်းပွဲများကို စားပွဲပေါ်တွင်နေရာချပြီးနောက် ရန်ပြေငြိမ်းကို
" သား ... ရေသွားချိုးရင်ချိုးတော့လေ ... ပြီးရင်ထမင်းစားရအောင် "
ဟု ပြောသည် ။ ဒေါ်ခင်သက်စကားအဆုံးတွင် ရန်ပြေငြိမ်း ခေါင်းညိတ်လိုက်ပြီး
" အင်း "
ဟု ပြောကာ ရေချိုးရန် အိမ်ဘေးရှိ ရေစည်များရှိရာဆီသို့ ဆင်းလာခဲ့လိုက်သည် ။
ထိုအခါ ရေတွင်းမှရေများကို တစ်ပုံးပြီးတစ်ပုံးသယ်နေသော လက်ျာကိုတွေ့ရသည် ။ မမျှော်လင့်သည့်နေရာတွင် မမျှော်လင့်သည့်လူကိုတွေ့လိုက်ရသောကြောင့် ရန်ပြေငြိမ်း အံ့သြသွားသည် ။ လက်ျာအနားတွင် ခင်နှောင်းကိုပါ တွေ့လိုက်ရသဖြင့် လက်ျာ ခင်နှောင်းအတွက် ရေခပ်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည် ။
📖 📖 📖 📖 📖 📖 📖 📖 📖 📖 📖 📖 📖 📖
လက်ျာ ခင်ဇော့်ကို စားပင်ကူစိုက်ပေးပြီးသောအခါ တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေပြီဖြစ်သည် ။ ထို့ကြောင့် ခင်ဇော့်ကို
" အစ်ကို ကျွန်တော်ခြေလက်သွားဆေးလိုက်အုံးမယ် "
ဟု ပြောကာ ခြံထောင့်ရှိ ရေတွင်းဆီသို့ ထွက်လာခဲ့လိုက်သည် ။
လက်ျာတို့အိမ်တွင် မိန်းကလေးများဖြစ်သော ဒေါ်ခင်သက် နှင့် ခင်နှောင်း က အိမ်ဘေးရှိ ရေစည်တွင်ချိုးကြသည် ။ ကျန်သည့်ယောက်ျားလေးများဖြစ်သည့် လက်ျာတို့က ခြံထောင့်ရေတွင်းတွင် ချိုးကြသည် ။
လက်ျာ ရေတွင်းဆီသို့ရောက်သောအခါ တွင်းထဲမှရေများကို ပုံးဖြင့် မနိုင်တနိုင့်သယ်ရန်လုပ်နေသော ခင်နှောင်းကိုတွေ့ရသည် ။ ထို့ကြောင့် ခင်နှောင်းဆီလျှောက်သွားလိုက်ပြီး
" အစ်မ "
ဟု ခေါ်လိုက်သည် ။ ဆက်၍
" ရေချိုးမလို့လား .... ကျွန်တော်သယ်ပေးမယ်လေ "
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။