ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၄၀)
ပြုံး၍ထိုင်နေသော လက်ျာကိုကြည့်ကာ ရန်ပြေငြိမ်း
" အခုထိနေမကောင်းသေးဘူးလား "
ဟု မေးလိုက်သည် ။ ရန်ပြေငြိမ်း၏မေးခွန်းကို လက်ျာက
" ကောင်းပါတယ် အစ်ကိုရ "
ဟု ပြန်ဖြေရင်း တံတောင်ဆစ်မရှိတရှိအထိ လိပ်တင်ထားသော အင်္ကျီလက်ကို ဖြန့်ချသည် ။ အင်္ကျီဖြင့်ဖုံးထားသော်လည်း လက်ကောက်ဝတ်တွင် သွေးခြေဥနေသကဲ့သို့ဖြစ်နေသောဒဏ်ရါအချို့ကို တွေ့နေရသဖြင့်
" လက်ကဘာဖြစ်တာလဲ "
ဟု မေးလိုက်သည် ။ ရန်ပြေငြိမ်း၏မေးခွန်းကို လက်ျာက ရယ်ကြဲကြဲဖြင့်
" ချော်လဲပြီးဒဏ်နည်းနည်းဖြစ်သွားတာ "
ဟု ပြန်ဖြေသည် ။ လက်ျာ၏အဖြေကို ရန်ပြေငြိမ်း ဘဝင်မကျသော်လည်း ထပ်မမေးဖြစ်တော့ပဲ
" အခုတလော မင်းကတာမတွေ့သလိုပဲ "
ဟု စကားလမ်းကြောင်းလွှဲလိုက်သည် ။ လက်ျာက ထိုစကားကိုလိုက်၍
" ကျွန်တော်ကရင် အစ်ကိုကလာကြည့်လို့လား "
ဟု ရွတ်သည် ။ လက်ျာရွတ်နေမှန်းသိသော်လည်း
" ကြည့်တာပေါ့ "
ဟု အမှန်အတိုင်း အဖြေပေးလိုက်သည် ။ ထိုအဖြေစကားကိုကြားသောအခါ မှိုင်းညို့နေသော လက်ျာ၏မျက်လုံးများက အရောင်တောက်သွားကာ
" တကယ်လား အစ်ကို .... တကယ်ကြည့်တာလား "
ဟု မေးသည် ။ ထို့ကြောင့် ရန်ပြေငြိမ်း ခေါင်းညိတ်လိုက်ပြီး
" တကယ်ပေါ့ .... ငါကြည့်ဖို့တတ်နိုင်တဲ့ပွဲတိုင်း မင်းကိုလိုက်ကြည့်တယ် "
ဟု ပြန်ဖြေလိုက်သည် ။
🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄
ချက်ချင်းဆိုသလို ရွှင်လန်းသွားသော လက်ျာ၏မျက်နှာကို ရန်ပြေငြိမ်း စိတ်လိုလက်ရ ငေးနေမိသည် ။ လက်ျာကမူ ရန်ပြေငြိမ်းကြည့်နေသည်ကို သိဟန်မတူပဲ အခြားတစ်နေရာကိုငေးနေသည် ။ ရန်ပြေငြိမ်း လက်ျာကိုငေးနေရင်းက
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။