ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၂)
" မေမေပြောတဲ့ကိစ္စကို သမီးလေးပြန်စဉ်းစားစေချင်တယ် "
မည်မျှပင်ရှောင်ရှောင် မေမေက ဤဘူတာသို့ပင် ပြန်ရောက်လာသောကြောင့် ခင်နှောင်း စိတ်ရှုပ်လာမိသည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး
" မေမေကလဲ ခင်နှောင်းလက်မထပ်ချင်သေးပါဘူးဆို "
ဟု ပြောလိုက်သည် ။ ဆက်၍
" ခင်နှောင်း ကို ခင်နှောင်းဖြစ်ချင်သလို ဇာတ်မင်းသမီးအဖြစ် ပေးမကရင်နေပါ .... ယောက်ျားတော့မယူခိုင်းပါနဲ့ မေမေရယ် "
ဟု ပြောလိုက်သည် ။ ခင်နှောင်းမလျှော့လျှင် မေမေကလဲ လျှော့မည့်ပုံမပေါ် ။ ထို့ကြောင့် ခင်နှောင်းကပင် မေမေ့ကို
" မေမေရယ် .... ခင်နှောင်း ကို ဒီကိစ္စပဲထပ်ပြောနေအုံးမယ်ဆိုရင် မေမေသွားပါတော့ ... ခင်နှောင်းလဲအိပ်တော့မယ် "
ဟု ပြောလိုက်သည် ။
🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼
" ဒေါ်လေးရယ် .... ခင်နှောင်း ထွက်ပြေးရင်ကောင်းမလားဟင် "
ခပ်ဆွေးဆွေးလေးပြောလိုက်သော ခင်နှောင်း၏စကားအဆုံးတွင် ဒေါ်စုက အထိတ်တလန့်ဖြင့်
" ခင်နှောင်းလေးရယ် .... အဲ့ဒီလို စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ "
ဟု တားသည် ။ ထို့ကြောင့် ခင်နှောင်း သက်ပြင်းချလိုက်ပြီး
" မေမေက ခင်နှောင်းအငြိမ့်မင်းသမီးလုပ်မယ်ဆိုတော့လဲခွင့်မပြုဘူး .... ယောက်ျားမယူချင်သေးဘူးဆိုတော့လဲခွင့်မပြုဘူး "
ဟု ပြောလိုက်သည် ။ ခင်နှောင်းပြောသည်မှာလည်း မှန်သလိုလိုဖြစ်နေသောကြောင့်ထင်သည် ။ ဒေါ်စုက
" ခင်နှောင်းလေးထွက်ပြေးမယ်ဆိုရင်တောင် သွားစရာနေရာဘယ်မှာရှိလို့လဲကွယ် "
ဟု ညည်းသည် ။ ဒေါ်စုစကားအဆုံးတွင် ခင်နှောင်း သက်ပြင်းချလိုက်ပြီး
" ဘယ်သူရှိရှိ မရှိရှိ ခင်နှောင်း အိမ်မှာမနေချင်တော့ဘူး ဒေါ်လေးရယ် .... ထွက်ပြေးမှာပဲ "
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Ficción históricaကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။