ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၄)
ပါးစပ်က
" အဆင်ပြေတယ် "
ဟု ပြောနေသော်လည်း တကယ်တမ်း လက်ျာ အဆင်မပြေ ။ မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းကတရိပ်ရိပ်မူးလာသည် ။ မနေ့ညက မူးလဲဟန်ဆောင်ရင်း တကယ်သတိလစ်သွားသည်ကိုသာမှတ်မိသည် ။ ထိုနောက်ပိုင်း မည်သည့်အရာများ မည်ကဲ့သို့ဖြစ်ပျက်သွားသည်ကိုမူ မမှတ်မိတော့ ။
ရန်ပြေငြိမ်း က ငြိမ်နေသော လက်ျာကိုကြည့်ကာ
" အဆင်ပြေမနေတာကြီးကို လိမ်မပြောနဲ့ "
ဟု ပြောသည် ။ ထို့ကြောင့် လက်ျာ ရယ်လိုက်ပြီး
" တောင်းပန်ပါတယ် .... ကျွန်တော့်ကြောင့် အစ်ကိုတို့အလုပ်ရှုပ်သွားရပြီ "
ဟု ပြောလိုက်သည် ။ ဆက်၍
" မနေ့ညက ကျွန်တော်မပါပေမဲ့ အဆင်ပြေကြတယ်မဟုတ်လား "
ဟု မေးလိုက်သည် ။ လက်ျာ၏မေးခွန်းကို ရန်ပြေငြိမ်း ပြန်မဖြေရသေးခင်မှာပင် အနားတွင်ထိုင်နေသော ခင်ဇော်က
" မင်းသတိလစ်သွားတာ မနေ့ညကမဟုတ်ဘူး တစ်နေ့ညက ကောင်စုတ်လေးရ "
ဟု ဝင်ပြောသည် ။ ခင်ဇော့်စကားကြောင့် လက်ျာ ပါးစပ်အဟောင်းသားဖြစ်သွားရသည် ။
🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻
လက်ျာက လှဲနေရာကပင် မထနိုင်သောကြောင့် မတ္တရာသို့ မပြန်ဖြစ်ကြသေး ။ ရွာသူကြီးအိမ်တွင်သာ စတည်းချနေကြရသည် ။ လက်ျာ မိမိနှင့်အတူ ဒုက္ခခံနေကြရသော အဖွဲ့သားများကို အားနာ၍ အရင်ပြန်နှင့်ကြရန်ပြောသော်လည်း မည်သူမှမပြန် ။ လက်ျာ တဂျီဂျီနှင့် ဂျီကျလိုက်သောအခါမှ ပြန်သွားကြသည် ။
သို့သော် ....
ရန်ပြေငြိမ်းက လိုက်မသွား ။ လက်ျာအနားတွင်နေခဲ့သည် ။
ယနေ့တွင်မူ လက်ျာ အနည်းငယ် ထူထူထောင်ထောင်ဖြစ်လာပြီဖြစ်သောကြောင့် ပြန်ရန်ပြင်ဆင်ကြရသည် ။ ရွာသူကြီးက အပြည့်အဝပြန်မကောင်းသေးသော လက်ျာကို စိတ်ချဟန်မတူ ။ ထို့အတူ ရန်ပြေငြိမ်းက သယ်ရန်အနည်းငယ်ကျန်နေသေးသည့် အထုတ်အပိုးများကိုသယ်၍ ကားဂိတ်ရှိသည့် ရွာထိပ်ဆီသို့သယ်ရမည်ကိုပါ ကြည့်ရက်ဟန်မတူ ။ ရွာထဲတွင် တစ်ဦးတည်းရှိသော ထော်လာဂျီပိုင်ရှင် ဦးတုတ်ကြီးကို အကူအညီတောင်း၍ လက်ျာတို့အား မတ္တရာရှိ အိမ်ရှေ့အထိလိုက်ပို့ပေးရန် စီစဉ်ပေးသည် ။
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Historical Fictionကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။