၁၀(Z)

81 1 0
                                    

ကံကြမ္မာ ဖန်အိပ်မက် ...

အခန်း(၁၀)

ရန်ပြေငြိမ်း ညကညဉ့်နက်မှအိပ်ပျော်သော်လည်း မနက်စောစောကတည်းက နိုးနေသည် ။ ထို့ကြောင့် ခြံထဲသို့ဆင်းကာ ကိုယ်လက်လှုပ်ရှားမှု လုပ်နေလိုက်သည် ။ ထိုသို့လုပ်နေရင်း မနက်ခုနစ်နာရီခွဲကာနီးတွင် အိမ်ရှေ့အိမ်မှအဖွားက ရန်ပြေငြိမ်းတို့အိမ်ဘက်သို့ ကူးလာသည် ။ ရန်ပြေငြိမ်းကိုတွေ့သောအခါ ပြုံးပြပြီး

" သားကိုတွေ့တာနဲ့အတော်ပဲ ... ဒါလေး သားလက်ျာကိုပေးပေးပါလား "

ဟု ဆိုကာ သယ်လာသောဆန်ပြုတ်ပန်းကန်ကို ရန်ပြေငြိမ်းအား လှမ်းပေးသည် ။ ထို့နောက် ပလက်စတစ်အကြည်ဖြင့် ထုတ်ထားသော ဆေးထုတ်ကိုပါပေးကာ

" ဒါလေးရောပေးပေးပါ .... ဆန်ပြုတ်သောက်ပြီးရင်သောက်လို့ .... အခုမနက်နိုးလာတဲ့အထိ ဗိုက်အောင့်နေတုန်းဆိုရင် အဖွားဆီလာခဲ့ပါလို့ပြောပေးပါနော် .... ကျေးဇူးပါပဲ "

ဟု ပြောသည် ။ အဖွား၏စကားအဆုံးတွင် ရန်ပြေငြိမ်း ခေါင်းညိတ်လိုက်ကာ

" စိတ်ချပါ အဖွား .... ကျွန်တော်သေချာပေးလိုက်ပါ့မယ် "

ဟု ပြောလိုက်သည် ။ အဖွားက ရန်ပြေငြိမ်းကို

" အေး .... ကျေးဇူးပါပဲကွယ် "

ဟု ပြော၍ နေရာမှထွက်ခွာသွားသည် ။ ရန်ပြေငြိမ်းလဲ ဆန်ပြုတ်ပန်းကန်ကိုယူကာ အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည် ။

🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻

" ငါဒီမှာအုပ်ထားခဲ့တာသေချာပါတယ် "

ရန်ပြေငြိမ်း မိမိအုပ်ခဲ့သော စားပွဲခုံပေါ်တွင် ဆေးထုတ်သာရှိတော့ပြီး ဆန်ပြုတ်ပန်းကန်ကို မတွေ့ရတော့ ။ ထို့ကြောင့် မီးဖိုချောင်ထဲတွင် နေရာလွတ်မကျန်အောင် လိုက်ရာမိသည် ။ ထိုစဉ်

" အစ်ကိုဘာရှာနေတာလဲ "

ဟူသောအသံနှင့်အတူ ခင်နှောင်းက မီးဖိုချောင်ထဲသို့ ဝင်လာသည် ။ ခင်နှောင်း၏မေးခွန်းကို ရန်ပြေငြိမ်း

" ဆန်ပြုတ်ပန်းကန် "

ဟု ပြန်ဖြေလိုက်သည် ။

ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖန်အိပ်မက် (17)Where stories live. Discover now