ကံကြမ္မာ ဖန်အိပ်မက် ... (🔞🔞)
အခန်း(၂၀)
" အစ်ကို "
ဟု ခေါ်လိုက်သော လက်ျာ၏စကားသံအဆုံးတွင် ရန်ပြေငြိမ်းက ကားထဲတွင်ထိုင်နေသည့် လက်ျာကိုငုံ့ကြည့်သည် ။ ရန်ပြေငြိမ်းထံမှ အရက်နံ့ရနေသောကြောင့် လက်ျာ
" အိမ်ပြန်မလို့လား ..... ကျွန်တော်လိုက်ပို့ပေးမယ်လေ "
ဟု ပြောလိုက်သည် ။ ထိုအခါ ရန်ပြေငြိမ်းက
" ဟာ ... အဆင်သင့်တာပဲ .... လိုက်မယ် "
ဟု ပြောသည် ။ လက်ျာ ရန်ပြေငြိမ်းကို
" အင်း ..... တက် "
ဟု ပြောကာ ကားတံခါးဖွင့်ပေးလိုက်သည်နှင့် ရန်ပြေငြိမ်းက ကားပေါ်သို့ရောက်လာသည် ။ ရန်ပြေငြိမ်း ကားပေါ်သို့ရောက်သည်နှင့် လက်ျာ
" အစ်ကို့အိမ်ကဘယ်မှာလဲ "
ဟု မေးလိုက်သည် ။
သို့သော် ....
ရန်ပြေငြိမ်းက ပြန်မဖြေ ။
" နားပူတယ်ကွာ .... စကားတွေအများကြီးမပြောနဲ့ "
ဟု ဆိုကာ မျက်လုံးများကိုမှိတ်၍ ကားတံခါးကိုမှီနေသဖြင့် လက်ျာ ပြုံးလိုက်ပြီး ကားလေးကို နေရာမှမောင်းထွက်လာခဲ့လိုက်သည် ။
🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀
ကားကိုခြံရှေ့တွင်ရပ်ကာ ဟွန်းတီးလိုက်သည်နှင့် သန်းလင်းက ခြံထဲတွင်ပေါ်လာသည် ။ ထို့နောက် ခြံတံခါးက ပွင့်လာသည် ။ လက်ျာ သန်းလင်းဖွင့်ပေးသော ခြံထဲသို့ ကားလေးကို ဖြည်းညှင်းစွာမောင်းသွင်းလိုက်သည် ။
ခြံထဲသို့ ကားရောက်သည်နှင့် လက်ျာ မှန်ကိုဖွင့်လိုက်ပြီး သန်းလင်းအား
" အစ်ကိုပါလာတယ် "
ဟု ခပ်တိုးတိုးပြောလိုက်သည် ။ လက်ျာ၏စကားအဆုံးတွင် သန်းလင်းက
" ဟုတ်ကဲ့ အစ်ကို "
ဟု ပြောကာ ရန်ပြေငြိမ်းရှိနေသော ကားနောက်ခန်းတံခါးကို ဆွဲဖွင့်သည် ။ ပါးစပ်မှလဲ
" အစ်ကိုအရှေ့ကဝင်နှင့် .... ကျွန်တော်တွဲလာခဲ့မယ် "
ဟု ပြောသဖြင့် လက်ျာ ခေါင်းညိတ်ကာ အရှေ့မှနေ၍ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ။
YOU ARE READING
ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖနျအိပျမကျ (17)