ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၁၆)
ရန်ပြေငြိမ်းက အိမ်ပြန်ရောက်နေပြီဖြစ်သော်လည်း ခင်နှောင်းက ညစာစားပွဲရှိသေးသဖြင့် ပြန်မလာသေး ။ ရန်ပြေငြိမ်းတစ်ယောက်ထဲသာ အိမ်တွင်ရှိသည် ။ ရန်ကုန်သို့ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပင် ရန်ပြေငြိမ်းနှင့် ခင်နှောင်း လက်ထပ်ခဲ့သည် ။
သို့သော် ...
ခင်နှောင်း၏မိခင်က ယခုမှ နာမည်ရကာစဖြစ်သော ခင်နှောင်းနှင့် ရန်ပြေငြိမ်းကို နာမည်ကျမည်စိုးသည်ဟူသော အကြောင်းပြချက်ဖြင့် ရန်ပြေငြိမ်းတို့ပတ်သတ်မှုအား ပရိသတ်ကို အသိပေးမထား ။ ပွဲအတူကကြသော သူငယ်ချင်းများအဖြစ်သာ သိထားစေသည် ။
မင်္ဂလာလက်ဖွဲ့အနေဖြင့် ရန်ပြေငြိမ်းတို့အား အိမ်တစ်လုံးပေးထားသောကြောင့် ရန်ပြေငြိမ်းတို့ ထိုအိမ်တွင် နေကြသည် ။ အိမ်အကူလွှတ်ပေးသော်လည်း အိမ်အကူများက မနက်လာ၍ ညနေပြန်သောကြောင့် ရန်ပြေငြိမ်းတစ်ယောက်ထဲ အိမ်တွင် ငေါင်စင်းစင်းဖြစ်နေသည် ။
ပျင်းပျင်းရှိသောကြောင့် ရေဒီယိုဖွင့်မည်ဟုစိတ်ကူးကာ ရေဒီယိုခလုတ်ကို နှိပ်လိုက်သည် ။ ထိုအခါ တစ်စုံတစ်ယောက် အမြဲလိုလို သီဆိုလေ့ရှိသော သီချင်းက လေလှိုင်းထဲမှတဆင့် ရန်ပြေငြိမ်း၏နားထဲသို့ ဝင်ရောက်လာသည် ။
" 🎶 ချစ်ရသူ ခင်ခင်ရဲ့ 🎶 ဘဝမြှင့် သက်ညှာ 🎶 ဆင်မသင့်ခက်ပါလျှင် သက်သာရာမရ 🎶 တကယ်လို့ တိမ်းခဲ့ချော်လျှင် 🎶 စိမ်းနဲ့နော် ဘုန်းခင့်လာပါ့ 🎶 .... "
🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀
လက်ျာ
" 🎶 ချစ်ရသူ ခင်ခင်ရဲ့ 🎶 ဘဝမြှင့် သက်ညှာ 🎶 ဆင်မသင့်ခက်ပါလျှင် သက်သာရာမရ 🎶 တကယ်လို့ တိမ်းခဲ့ချော်လျှင် 🎶 စိမ်းနဲ့နော် ဘုန်းခင့်လာပါ့ 🎶 .... "
ဟူသော အပိုဒ်ကို အဆုံးသတ်အနေဖြင့် ထိုးလိုက်ပြီး အခန်းထဲမှလူများကို ဝေ့ဝဲကြည့်လိုက်သည် ။ အကုန်လုံးက လက်ျာကို စိတ်ဝင်တစား ငေးကြည့်နေကြသောကြောင့် ရယ်လိုက်ပြီး
" သြော် .... ဒါပဲလေ .... ပြီးပြီ "
ဟု ပြောလိုက်သည် ။ ထိုအခါမှ ထိုင်နေသောလူများက သတိဝင်လာဟန်ဖြင့် လက်ျာအား
YOU ARE READING
ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)
Ficción históricaကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။