၃၁

135 10 0
                                    

ကံကြမ္မာ ဖန်အိပ်မက် ...

အခန်း(၃၁)

" ကိုငြိမ်း .... ကျွန်တော်တို့တောက်လျှောက်ဒီလိုပဲ ပွဲကစရာရှိရင် မင်းသမီးငှါးလိုက် .... မရှိရင် ကျွန်တော်တို့ဘာသာပဲအကတိုက်လိုက်လုပ်နေရင် အဆင်ပြေမယ်မထင်ဘူး "

ဟု ခင်ဇော်က ပြောလာသောအခါမှ ရန်ပြေငြိမ်း ထိုကိစ္စကိုတွေးရန် သတိရသည် ။ မတ္တရာတွင်နေစဉ်က ရန်ပြေငြိမ်းတို့အဖွဲ့သည် မထင်ရှားသော အဖွဲ့ငယ်လေးဖြစ်သောကြောင့် မင်းသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဂရုစိုက်မည့်သူမရှိ ။ ယခုကမူ ထိုသို့မဟုတ်တော့ ။ နာမည်ကြီးသဘင်ဖြစ်လာပြီဖြစ်သောကြောင့် ပရိသတ်က အရာရာကို ဂရုစိုက်၍ ကြည့်ရှုလာသည် ။

ရန်ပြေငြိမ်းက ခင်နှောင်းနှင့်အတူ ပွဲထွက်ခဲ့ခြင်းဖြစ်သောကြောင့် ခင်နှောင်းတွင် သဘင်ပရိသတ်များစွာရှိသည် ။ ခင်နှောင်း ရုပ်ရှင်လောကထဲသို့ စတင်ဝင်ရောက်သွားကာ ရန်ပြေငြိမ်းတို့နှင့်အတူ မကနိုင်တော့သောအခါ ထိုပရိသတ်၏ သုံးပုံနှစ်ပုံခန့်သည် သိသိသာသာ လျော့နည်းသွားသည် ။ ထို့ကြောင့် ခင်နှောင်းနေရာတွင် အစားထိုးရန် မင်းသမီးရှာရသည် ။ ခင်နှောင်း၏ အခြေအနေက မည်သို့ရှိမှန်း မသိသောကြောင့် ထိုမင်းသမီးအား အပြတ်ငှါးမထားနိုင် ။ ပွဲငှါးလက်ခံရသောအခါမှ ခင်နှောင်း၏အခြေအနေကိုကြည့်ကာ မင်းသမီးငှါးရသည် ။ တစ်ခါက တစ်ယောက်ငှါးနေရသောကြောင့် မင်းသမီးကို ပရိသတ်က မမှတ်မိ ။ ထို့ကြောင့် ခင်ဇော်က မင်းသမီးတစ်ယောက်အား အပြတ်ငှါးထားရန် ရန်ပြေငြိမ်းအား အကြံပေးနေခြင်းဖြစ်သည် ။

ခင်ဇော့်အကြံကို ရန်ပြေငြိမ်း လက်ခံလိုသော်လည်း မိမိသဘောအတိုင်း ဆုံးဖြတ်ချက်ချ၍မဖြစ်သေး ။ ခင်နှောင်းနှင့် တိုင်ပင်ရအုံးမည်ဖြစ်သဖြင့် ခင်ဇော်အား

" ကျွန်တော်ခင်နှောင်းနဲ့တိုင်ပင်လိုက်အုံးမယ် ကိုခင်ဇော် .... ပြီးမှ ဆက်လုပ်ကြတာပေါ့ "

ဟု ပြောလိုက်သည် ။

🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻

ရန်ပြေငြိမ်း ခင်ဇော့်အား ခင်နှောင်းနှင့်တိုင်ပင်မည်ဟု ပြောထားသော်လည်း ခင်နှောင်းနှင့် မျက်နှာချင်းဆိုင်ရန်အချိန်ပင်မရှိသောကြောင့် ခင်ဇော်အကြံပေးထားသည့် မင်းသမီးခေါ်ရန်ကိစ္စကို ဗီရိုတွင်စာရေးကာ ကပ်ထားပြီး ခင်နှောင်း၏ သဘောထားကို မေးထားလိုက်သည် ။

ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)Where stories live. Discover now