ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၁၇)
ညနေစောင်းကတည်းက အိပ်ပျော်သွားသော လက်ျာတစ်ယောက် ညကိုးနာရီနီးပါးတွင် ပြန်နိုးလာသည် ။ ဗိုက်က ညနေကလောက် မအောင့်တော့သော်လည်း အတော်ပြင်းထန်စွာ အောင့်နေဆဲဖြစ်သည် ။ ဗိုက်အောင့်သည့်အပြင် အန်ပါအန်ချင်နေသဖြင့် အိပ်ရာမှ ထလိုက်သည် ။ သန်းလင်းက မလှမ်းမကမ်းတွင် အိပ်နေသောကြောင့် နိုးသွားမည်စိုးကာ မီးမဖွင်တော့ပဲ အခန်းထဲတွင်ပင် တွဲလျက်ပါသော ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။
" အော့ "
ရေဘုံဘိုင်အနီးတွင် ထိုင်လိုက်သည်နှင့် ပျို့တက်လာကာ မနက်ကစားထားသည့် ဆန်ပြုတ်များက ပြန်အန်ထွက်လာသည် ။
ဗိုက်အောင့်နေသည့်ကြားက အန်နေရသဖြင့် ချက်ချင်းပင် ပင်ပန်းနွမ်းနယ်လာသည် ။
သို့သော် ....
အန်ချင်စိတ်က စိုးမိုးထားဆဲဖြစ်သည် ။ ထို့ကြောင့် ရှိသမျှအားအင်တို့ကိုစုစည်းကာ အန်ထုတ်လိုက်သည် ။
🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀
အန်ချင်စိတ်ပေါ်လာ၍ အန်ထုတ်လိုက်သော်လည်းမည်သည့်အရာမှ အပြင်သို့ထပ်ထွက်မလာ ။ သွေးစအချို့သာ ထွက်လာသည် ။ ထိုသွေးစက်များကိုကြည့်၍ လက်ျာ ကြောင်သွားသည် ။ ထိုစဉ်
" အစ်ကို ..... ဘာဖြစ်လို့လဲ .... အဆင်ပြေရဲ့လား "
ဟူသော မေးခွန်းနှင့်အတူ သန်းလင်းက ရေချိုးခန်းထဲသို့ ဝင်လာသည် ။ ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး သန်းလင်းကို ပြုံးပြလိုက်ကာ
" ဘာမှမဖြစ်ဘူး .... စိတ်မပူနဲ့ "
ဟု ပြောလိုက်သည် ။
သို့သော် ....
မျက်စိလျှင်သောသန်းလင်းက နှုတ်ခမ်းပေါ်မှ သွေးစအချို့ကိုတွေ့သွားကာ
" အစ်ကိုကျွန်တော့်ကိုလိမ်နေတာကျွန်တော်သိတယ် ... အစ်ကိုဘာဖြစ်နေတာလဲ "
ဟု မေးသည် ။ သန်းလင်း၏မေးခွန်းအတွက် အဖြေမရှိသောကြောင့် ပြန်မဖြေပဲ
YOU ARE READING
ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖနျအိပျမကျ (17)