ကံကြမ္မာ ဖန်အိပ်မက် ... (🔞🔞)
အခန်း(၃၇)
သန်းလင်းကိုပင်မခေါ်တော့ပဲ လက်ျာ ရန်ပြေငြိမ်းကိုတွဲကာ ကုတင်ပေါ်တွင် နေရာချပေးလိုက်သည် ။ ထို့နောက် ဘီရိုထဲမှ စောင်နှင့်ခေါင်းအုံးကိုယူကာ ရန်ပြေငြိမ်းအား လွှမ်းခြုံပေးလိုက်သည် ။ ရန်ပြေငြိမ်းကို နေရာချပေးပြီးနောက် ကိုယ်တိုင်လဲ တစ်နေကုန်ဝတ်ထားသည့်အဝတ်အစားများကိုချွတ်ကာ အဝတ်အစားအသစ်လဲလိုက်သည် ။ ထိုစဉ် ကုတင်ပေါ်တွင်အိပ်နေသော ရန်ပြေငြိမ်းက
" လက်ျာ "
ဟု အိပ်မှုံစုံမွှားအသံဖြင့် လှမ်းခေါ်သောကြောင့်
" အင်း "
ဟူ၍ ပြန်ထူးလိုက်သည် ။ လက်ျာပြန်ထူးလိုက်သောအခါ ရန်ပြေငြိမ်းက
" မင်းငါ့ကိုအဲ့ဒီလေါက်ချစ်တာ .... ငါကမင်းကိုနည်းနည်းလေးတောင်ပြန်မချစ်ဘူး ... အဲ့ဒါတောင် မင်းငါ့ကိုစိတ်မပျက်ဘူးလား "
ဟု မေးသည် ။ ရန်ပြေငြိမ်း၏ မေးခွန်းအဆုံးတွင် လက်ျာ ပြုံးလိုက်ပြီး
" မလိုဘူးလေ .... ကျွန်တော်ကပဲချစ်နေရင်ရပြီ "
ဟု ပြန်ဖြေလိုက်သည် ။
🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄 🎄
လက်ျာ ရန်ပြေငြိမ်းနှင့်စကားပြောပြီးနောက် ကုတင်ပေါ်တွင်အဆင်သင့်ရှိထားပြီးသောခြင်ထောင်ကို ဖြန့်ချလိုက်ပြီး ရန်ပြေငြိမ်းအား ခြင်ထောင်ထောင်ပေးရန်ပြင်လိုက်သည် ။ ထိုစဉ် ရန်ပြေငြိမ်း၏ မှိတ်ထားသောမျက်လုံးများက ပွင့်လာပြီး လက်ျာ၏လက်တစ်ဖက်ကို ဆွဲထားသည် ။ ထို့ကြောင့် လက်ျာ ရန်ပြေငြိမ်းကို မျက်မှောင်ကြုံ့ကြည့်လိုက်ပြီး
" အစ်ကို .... လုပ်လာပြန်ပြီ "
ဟု ပြောလိုက်သည် ။ လက်ျာ၏စကားအဆုံးတွင် ရန်ပြေငြိမ်းက လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး
" ငါ ... ငါ "
ဟု စကားစကာ ဆက်မပြောပဲ ရပ်နေသဖြင့် လက်ျာကပင်
" အစ်ကိုလိုချင်တာကို ကျွန်တော်ပေးချင်ပါတယ် .... ဒါပေမဲ့ ကျွန်တော်နေမကောင်းဘူး အစ်ကိုရဲ့ "
YOU ARE READING
ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖနျအိပျမကျ (17)
Ficción históricaကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။ ကျောခိုင်းသွားရင် နောင်တရမယ့်လူက ကျွန်တော်မဟုတ်ပဲ အစ်ကိုဖြစ်နေတော့မှာ .... ။