ကံကြမ္မာ ဖန်အိပ်မက် ...
အခန်း(၂၈)
ကားကိုအရှေ့သို့တိုးပေးပြီးပြီဖြစ်သော်လည်း အနောက်မှကားက အရှေ့သို့လိုက်တိုးမလာပဲ နေရာတွင်ပင်ရပ်နေသောကြောင့် လက်ျာ မျက်မှောင်ကြုံ့လိုက်မိသည် ။
" ဘာလဲ .... မဝင်ဘူးလား "
ဟု တွေးကာ အခြေအနေကိုလေ့လာရန် ကားပေါ်မှဆင်းလိုက်သည် ။ ထိုအခါ အနောက်ကားမှ ကားတံခါးကလည်းပွင့်လာကာ ကားမောင်းသူက ကားပေါ်မှဆင်းလာသည် ။
ကားပေါ်မှဆင်းလာသူသည် မတွေ့လို၍ ပုန်းနေကာမှ တည့်တည့်လာတိုးသော ရန်ပြေငြိမ်းဖြစ်နေသဖြင့် လက်ျာ ကားပေါ်သို့ပြန်တက်ရန်ဟန်ပြင်လိုက်သည် ။
သို့သော် ....
" လက်ျာ "
ဟု ခေါ်လိုက်သောအသံကြောင့် မတက်ဖြစ်တော့ပဲ အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရတော့သည် ။
🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻
" ဒီကိုဘယ်လိုရောက်လာတာလဲ "
ဟူသော ရန်ပြေငြိမ်း၏မေးခွန်းကို လက်ျာ မည်ကဲ့သို့ပြန်ဖြေရမှန်းမသိဖြစ်နေစဉ်မှာပင် အိမ်ထဲမှ ခင်ဇော်နှင့်အတူ သန်းလင်းက ခြံထဲသို့ဆင်းလာသည် ။ လက်ျာတို့ကိုတွေ့သောအခါ ခင်ဇော်က
" တွေ့တောင်တွေ့နေကြပြီလား "
ဟု မေးသည် ။ ထို့နောက်
" ရောက်လာမှတော့ အိမ်ထဲဝင်လေ "
ဟု ပြောသည် ။ ယခုတစ်ကြိမ်တွင်မူ လက်ျာ နှုတ်ဆိတ်မနေနိုင်တော့ ။
" မရဘူး အစ်ကိုခင်ဇော် ..... ကျွန်တော်သွားစရာရှိသေးတယ် "
ဟု ပြောကာ ငြင်းလိုက်သည် ။
သို့သော် ....
ခင်ဇော်က
" ငါ့ကိုနောက်တစ်ခါဆိုအိမ်ထဲအထိလိုက်မယ်လို့ ကတိပေးထားတယ်လေ .... အခု ကိုငြိမ်းရောရောက်လာပြီဆိုတော့ မငြင်းနဲ့တော့ ..... ရှားရှားပါးပါး လူစုံတာကို "
ဟု ပြောကာ အိမ်ထဲသို့ အတင်းဖိတ်ခေါ်သည် ။ ထို့ကြောင့် မငြင်းရက်တော့ပဲ ခေါင်းညိတ်လိုက်သည် ။
YOU ARE READING
ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖနျအိပျမကျ (17)