173 6 0
                                    

ကံကြမ္မာ ဖန်အိပ်မက် ...

အခန်း(၈)

ရန်ပြေငြိမ်း တယောအပိုင်းအစများကိုကောက်၍ အိမ်ဘက်သို့ပြန်လျှောက်လာသောအခါ ရေတွင်းဘက်သို့ ဒယိမ်းဒယိုင်ဖြင့်လျှောက်သွားသော လက်ျာကိုတွေ့ရသည် ။ ထို့ကြောင့်

" အခုထိ အရက်သောက်လို့ခံစားရတဲ့ဒုက္ခကိုသိအုံးမှာမဟုတ်သေးဘူး "

ဟု တွေးကာ တယောအပိုင်းအစများကို အနီးအနားရှိထိုင်ခုံပေါ်တွင်ချပြီး လက်ျာအနောက်သို့ လိုက်လာခဲ့လိုက်သည် ။

ထင်ထားသည့်အတိုင်း လက်ျာက ရေတွင်းဘေးတွင်ငုတ်တုတ်ထိုင်၍ အန်နေသဖြင့် ရန်ပြေငြိမ်း

" အဲ့ဒါကြောင့်မို့လို့ မသောက်တတ်ရင် အစကတည်းကမသောက်ပါနဲ့လား "

ဟု ပြောကာ လက်ျာ၏ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည် ။

ရန်ပြေငြိမ်း၏အသံကိုကြားသောအခါ လက်ျာက အထိတ်တလန့်ဖြင့်လှည့်ကြည့်ပြီး

" အစ်ကို "

ဟု ခေါ်သည် ။

သို့သော် ...

ရန်ပြေငြိမ်း ဂရုမစိုက်ပဲ လက်ျာကို

" အန်နေတာမဟုတ်လား "

" ငါ့ကြောင့်အန်ရမဲ့ဟာတွေက ထပ်ထွက်မလာတော့တာလား "

ဟု ဘုဆတ်ဆတ်ပြောလိုက်သည် ။ လက်ျာက ရန်ပြေငြိမ်း၏စကားကို အာရုံစိုက်မိပုံမရပဲ မတ်တပ်ထရပ်ကာ

" တောင်းပန်ပါတယ် အစ်ကို "

ဟု ပြောပြီး နေရာမှ ခပ်သွက်သွက်ထွက်သွားသည် ။

🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻 🎻

စောစောက ရန်ပြေငြိမ်းရောက်လာသည်ကိုမသိပဲ မအီမလည်ဖြစ်နေခြင်းကို ပေါ့ပါးသွားရန် အန်ထုတ်လိုက်ရန်သာကြိုးစားနေမိသည့် မိမိကိုယ်ကိုယ် ပါးပြန်ရိုက်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေသောစိတ်ကို လက်ျာ မနည်းထိန်းချုပ်ထားရသည် ။

" ငါအရက်သောက်တာ အစ်ကိုသိရင်သေပြီ "

အစာမရှိ၍လော ... အန်ထုတ်လိုက်ခြင်းကြောင့်လော ... အကြောင်းရင်းသေချာမသိရပဲ သေလုမတတ်အောင့်နေသောဗိုက်ကိုပင် ဂရုမစိုက်နိုင် ။ အရက်သောက်သည့်ကိစ္စကို ရန်ပြေငြိမ်းသိသွားပြီး အဆူခံရမည်ကိုပင် စိုးရိမ်နေမိသည် ။ လက်ျာ ကိုယ့်အတွေးနှင့်ကိုယ် ယောက်ယက်ခတ်နေစဉ် အခန်းတံခါးခေါက်သံက ထွက်ပေါ်လာသည် ။

ကံၾကမၼာ ဖန္အိပ္မက္ / ကံကြမ္မာ ဖန်အိပ်မက် (17)Where stories live. Discover now