၂၁ (Z)

80 2 0
                                    

ကံကြမ္မာ ဖန်အိပ်မက် ...

အခန်း(၂၁)

လက်ျာ တစ်ညလုံးမအိပ်ရသေးသဖြင့် မျက်လုံးများကျိန်းစပ်ကာ ခေါင်းကတဒိန်းဒိန်းကိုက်နေသည် ။ မျက်လုံးက အိပ်လိုသော်လည်း စိတ်ကမအိပ်ချင်သေး ။ ယောင်ချာချာဖြင့် ထိုင်ရမလို ထရမလိုဖြစ်နေစဉ်မှာပင် လည်ပင်းမှအမှတ်များကို သတိရသွားသည် ။

လည်ပင်းမှ သွေးခြေဥနေသကဲ့သို့ ဖြစ်နေသော အကွက်များကို သန်းလင်းသော်လည်းကောင်း သန်းထွန်းသော်လည်းကောင်း မြင်သွား၍မဖြစ် ။ ရန်ပြေငြိမ်းကို အထင်သေးသွားကြပေလိမ့်မည် ။ ထို့ကြောင့် မှန်တင်ခုံအရှေ့တွင် ထိုင်ချလိုက်ကာ မိတ်ကပ်ဖြင့် ထိုအမှတ်အသားများကို ဖုံးအုပ်လိုက်သည် ။ အသားနှင့်ညီအောင် ဖုံးအုပ်ပြီးသောအခါမှ စိတ်သက်သာသွားကာ သက်ပြင်းငွေ့ငွေ့ချလိုက်မိသည် ။

လက်မှဒဏ်ရာကိုမူ ဂရုမစိုက်မိ ။ သည်အတိုင်းပင် ပစ်ထားလိုက်သည် ။

တစ်ညတာလုံးလုံး ပင်ပန်းခဲ့သောစိတ်ကို အနားပေးရန်လိုအပ်ကြောင်းသိသော်လည်း ထိုကုတင်ပေါ်တွင် တစ်ရေးအိပ်စက်ရန်အတွက်ကိုပင် မဝံ့မရဲဖြစ်နေမိသည် ။ ထို့ကြောင့် ယခုအချိန်အထိ မသိမ်းရသေးသော ဖျာပေါ်တွင်သာ ပြန်လှဲလိုက်သည် ။

🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀 🍀

ရန်ပြေငြိမ်း အိမ်ပြန်ရောက်သောအခါ ခင်နှောင်းက အိမ်တွင်မရှိ ။ အိမ်အကူများအားမေးလျှင် ခင်နှောင်းမည်သည့်နေရာသွားမှန်း သိနိုင်သော်လည်း မမေးတော့ပဲ အိပ်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်တွင်ထိုင်ရင်း စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသောကိစ္စကို ပြန်တွေးမိသည် ။ ညက မည်သို့မည်ပုံ လက်ျာ၏အိမ်သို့ရောက်သွားမှန်းသတိမရ ။ ခင်နှောင်းနှင့် စကားများကာ အပြင်ထွက်လာမှန်းကိုတော့မှတ်မိသည် ။ အိမ်မှထွက်၍ ခင်ဇော်တို့ရှိရာဆီသို့ ထွက်လာခဲ့ခြင်းဖြစ်သော်လည်း ခင်ဇော်တို့ကအိမ်တွင်မရှိ ။ ထို့ကြောင့် စိတ်ပျက်လက်ပျက်နှင့် အိမ်ပြန်လာရင်း လမ်းတွင်တွေ့သောအရက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လာခဲ့သည် ။ မည်မျှမူးအောင်သောက်မိသည်မသိ ။ လက်ျာနှင့် မည်ကဲ့သို့တွေ့ကာ မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို မမှတ်မိ ။

ကံကြမ္မာ ဖန်အိပ်မက် / ကံကွမ်မာ ဖန်အိပ်မက် (17)Where stories live. Discover now