01

19.1K 1.1K 45
                                    

Unicode

နေလုံးက အနောက်ဘက်ကို ဝင်ဟန်ပြုတော့ လီဝေ့မနက်က ထောင်ထားသော ပိုက်ကွန်များသိမ်းရန် ပင်လယ်ဘက်သို့ထွက်လာသည်။

"ရှောင်ဝေ့ မင်းဒီနေ့ ငါးနှစ်ပုံးပေးရမှာနော်။ မင်းအကြွေးတင်တာတွေများနေပြီ"

ပြောလာသူက ကျိုးကျန်းထင်။ ငါးဒိုင်လို့ ခေါ်ရမလား။ အခုလီဝေ့နေတဲ့ နေရာလေးက သာ့ရှား ကျွန်ဆွယ်လေးထဲက အိမ်ခြေ တစ်ရာ ပတ်ဝန်းကျင်သာရှိတဲ့ ရွာလေးတစ်ရွာမှာ။ တစ်ရွာလုံးရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက ငါးဖမ်းကာ ကျိုးကျန်းထင်ကို ရောင်းသည်။ ကျိုးကျန်းထင်က အနီးအနားက မြို့ကိုပို့သည်။

မကောင်းတာက ထိုလူက ‌စျေးကိုမတရားနှိမ်ပေးတာပဲ။ ဒါပေမယ့် တခြားရွေးချယ်စရာက မရှိ။ လျှပ်စစ်မီးတောင် မရတဲ့ရွာလေးမှာ ကားက တစ်ရွာလုံးမှ နှစ်စီးပဲရှိသည်။ တစ်စီးပိုင်ရှင် ဦးလေးကြီးက ငါးတွေက ညီတယ်ဆိုကာ သူ့ကားကို အထိမခံ။ ရွာမှာလိုအပ်သည့် ပစ္စည်းတွေကို မြို့တက်ဝယ်ပေးသည်။

ထို့ကြောင့် ကျိုးကျန်းထင်က ထင်ရာစိုင်းလို့ရနေခြင်းသာဖြစ်သည်။

လီဝေ့ခပ်ပေပေပြန်ကြည့်လိုက်ရင်း

"မသိဘူးဗျ။ ငါးတွေက ဘယ်လောက်ရမလဲ ဘယ်သိမလဲ။ ရသလောက်မှာ သုံးကောင်ဖယ်ပြီး ကျန်တာ ခင်ဗျားကို ပေးမယ်။ မနေ့က မုန်တိုင်းရှိသွားတယ်လေ။ ပြီးရင် ကျွန်တော် သာ့ကျဲကိုလည်းပေးရဦးမှာ"

သာ့ကျဲ.... သာ့ကျဲဆိုတာက ဘေးအိမ်က မုဆိုးမကြီး။ အရင်က မြို့မှာ သူနာပြုလုပ်သည်။ ယောက်ကျားဆုံးပြီး အခုတော့ အိမ်ဆိုင်သေးသေးလေးမှာ ဆန်၊ ဆီ၊ ဆား စသဖြင့် သေးသေးလေးတွေ ရောင်းသည်။ တစ်ရွာလုံးရဲ့ ဆရာဝန်ဆိုလည်းမမှား။ ရွာထဲမှာ အချင်းချင်းရန်ဖြစ်ကြပြီး ခေါင်းပေါက်တာလောက်တော့ သာ့ကျဲလက်ချက်နဲ့ ပြန်ဖာပြီးသားဖြစ်သွားသည်။ အသက် ၅၀ ကျော်နေသော်လည်း လီဝေ့ကတော့ သာ့ကျဲသာခေါ်ကာ ငါးပေးပြီး ထမင်းကပ်စားလေ့ရှိသည်။

"ဒီမှာကောင်လေးရ.... စီးပွားရေးလုပ်တယ်ဆိုတာ ကိုယ့်အတွက်ကျန်ရတယ်ကွ။ မင်းလုပ်ပုံအတိုင်ဆို ငါက ငါ့အတွက်မကျန်ဘဲ မင်းနဲ့ အလုပ်လုပ်ရသလို ဖြစ်နေပြီ။ အဲ့တော့ ညီလေး မင်း ငါးများများရအောင်ရှာ ဟုတ်ပြီလား။"

စောက်ကလေးကို ခွာချရမယ်!! {I Have To Shove That Brat!!!} (Completed)Onde histórias criam vida. Descubra agora