Intro💜

33.2K 1.1K 8
                                    

(Unicode)

မိ‌ထွေးရဲ့အမြဲလိုလိုနှိပ်စက်မှုဒဏ်‌တွေကိုအပြုံးလေးတခုနဲ့သာတောင့်ခံပြီးမညီးမညူလုပ်ပေးခဲ့တဲ့ကောင်လေးတယောက်

ဒါမဲ့သူ့ဘက်ကသာမညီးမညူလုပ်ပေးခဲ့ပေမဲ့မိထွေးရဲ့အမြင်ကြည်မှုကိုရဖို့ဆိုတာနေရောင်ထိုးတဲ့အထဲကမြူမှုန်လေးတွေကိုလိုက်ဖမ်းတာကမှပိုလွယ်ကူနေအုံးမယ် အမြင်ကြည်မှုတွေကိုရမဲ့အစားရိုက်နှက်မှုတွေမကောင်းပြောခံရတာတွေပဲပြန်ရခဲ့တယ်

တိုက်ဆိုင်မှုပဲဆိုရမလားသူရဲ့ဘ၀ကိုပြန်ပြီးရေးထားသလိုတောင်ထင်ရတဲ့၀တ္ထုလေးတ‌ပုဒ်ကိုဖတ်မိရင်းကတနေ့မှာအဲ့၀တ္ထုထဲကိုရောက်ရှိသွားခဲ့တယ်

မိထွေးရဲ့နှိပ်စက်မှုတွေရဲ့ဝေးရာ၀တ္ထုထဲကိုရောက်သွားသောအခါဆက်ပြီးနှိပ်စက်ခံရမလား သူ့ကိုကာကွယ်ပေးမဲ့သူပဲပေါ်မလား...?

အမြဲအပြုံးလေးနဲ့တောင့်ခံခဲ့တဲ့ကောင်လေးနာမည်ကရှောင်ရှောင်းကျန့်တဲ့......

အမြဲအပြုံးလေးနဲ့တောင့်ခံခဲ့တဲ့ကောင်လေးနာမည်ကရှောင်ရှောင်းကျန့်တဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

***********************************

ငယ်စဉ်ကတည်းကမိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရပြီးတဦးတည်းသောကျန်ခဲ့တဲ့သူ့ကိုအိမ်တော်ထိန်းကပဲစောင့်ရှောက်ပြီးတကောင်ကြွက်ဘ၀နဲ့ကြီးပြင်းလာရသောကောင်လေးတယောက် သူ့မှာဆွေမျိုးသားချင်းဆိုလို့အစ်မ၀မ်းကွဲတယောက်သာရှိပြီးအဲ့အစ်မ၀မ်းကွဲကလည်းသူ့အနားမှာရှိမနေနိုင်ငံရပ်ခြားကိုထွက်သွားခဲ့တယ်

မိဘဆိုတာကိုဓာတ်ပုံထဲမှာပဲမြင်တွေ့ခွင့်ရပြီးမိဘရဲ့ချစ်ခြင်းမေတ္တာတွေကိုပိုင်ဆိုင်ခွင့်မရတဲ့ကောင်‌လေးတယောက်ရဲ့ဘ၀မှာအချစ်နဲ့မေတ္တာကိုဘာဆိုဘာမှန်းသိခွင့်မရဘဲအလုပ်တစ်ခုကိုသာဦးစားပေးလုပ်ခဲ့ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့တယ်

Owner Of Mole (OOM) (Completed)Where stories live. Discover now