ကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမနားကလူကျီစယ်နေပါသော အနှီလူကို တွန်းထုတ်ရင်း မေးမိသည်။ "ကိုကို ခ ကို ဘာလို့ကြိုက်တာ? "ခက ဖြူစင်လို့ ၊ နောက်ပြီး ကိုယ့်ဘဝရဲ့စစ်မှန်မှုလေးမို့ " သူမမှင်တက်နေမိတုန်းမှာပဲ သူမနားထဲလေပူတစ်ချို့ မှုတ်သွင်းခံလိုက်ရသည်။ အနှီလူသားရဲ့မျက်နှာသည် သူမလည်ပင်းအနား ကိုတိုးဝှေ့ဝင်လာပြီးနောက်မှာ သူ၏လှိုက်မောဖွယ်ရာအသံဖြင့် ညင်သာစွာပြောလာသည် ။ " ခ ကိုယ်လိုချင်တယ်" "ဟင့်အင်း! သူမစကားတို့မဆုံးသေးခင် ပြတ်တောက်သွားရပြီး နှုတ်ခမ်းသားတစ်စုံဟာ နက်ရှိုင်းစွာတိုးဝင်လာခဲ့သည်